“ဒိုက်ထိုးတဲ့အဖွား”ကိုရှာတွေ့ပြီ။ နောက်ခံဇာတ်လမ်းက တအားထိမိ

2022-02-25 18:01:27 |သတင်းအရင်းအမြစ် 央视网

ယခုရက်ပိုင်းတွင် ဟူနန်ပြည်နယ် ရှမ်းထန်မြို့တွင် ဆံပင်ဖြူနေပြီဖြစ်သော အဖွားတစ်‌ဦး ဆေးရုံစင်္ကြံတွင် ကျွမ်းကျင်စွာ ဒိုက်ထိုးနေသည့် ဗီဒီယိုတစ်ခုသည် အွန်လိုင်း၌ပျံ့နှံ့နေသည်။ အဖွားသည် အသက်(၇၈)နှစ်ရှိပြီဖြစ်ပြီး ဟူနန်ပြည်နယ် ရှမ်းထန်မြို့ အမှတ်(၁)ပြည်သူ့ဆေးရုံတွင် နာမကျန်းဖြစ်နေသော ခင်ပွန်းအား စောင့်ရှောက်နေသူ ဖြစ်သည်။ ထိုကာလအတွင်း အဖွားသည် နံနက်ခင်းတိုင်း (၆)နာရီ၌ အိပ်ယာထကာ ခုန်‌ခြင်းလေ့ကျင့်ခန်း၊ ဒိုက်ထိုးလေ့ကျင့်ခန်းတို့ကိုလုပ် လေ့ရှိသည်။

အဖွားသည် ပြီးခဲ့သည့်နှစ်များတွင် မကြာခဏ ခေါင်းမူးလေ့ရှိပြီး လေ့ကျင့်ခန်းလုပ်ပြီးနောက် ကောင်းစွာ သက်သာရာရခဲ့သဖြင့် လေ့ကျင့်ခန်းကို ဆက်လုပ်လာခဲ့သည်။ နောက်ပိုင်းတွင် ခင်ပွန်းသည် နေမကောင်းဖြစ်ပြီး မိမိကိုယ်ကို ဂရုမစိုက်နိုင်သည့်အခါ အဖွားက ခင်ပွန်းကို ကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်ရန်နှင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများ ပိုလုပ်ခဲ့ကြောင်း အဖွားက ပြောသည်။

အဖွား၏ခင်ပွန်း နေမကောင်းဖြစ်သည့်(၆)နှစ်အတွင်း ဝေယျာဝစ္စအားလုံးကို အဖွားကိုယ်တိုင် လုပ်ပေးခဲ့သည်။ ပုံမှန်အားဖြင့် သားသမီးများကလည်း လူကြီးနှစ်ယောက်ကို မကြာခဏ လာကြည့် ကြလေ့ရှိပါသည်။
(သတင်းအရင်းအမြစ်၊ CCTV.com ၊ ဘာသာပြန်၊ Yunnan gateway)