ဆောင်းရာသီမသန်စွမ်းအိုလံပစ်ကျေးရွာစတင်ဖွင့်လှစ်၊ ကိုယ်စားလှယ်အဖွဲ့(၄၈)ဖွဲ့ရောက်ရှိနေထိုင်

2022-02-28 11:36:05 |သတင်းအရင်းအမြစ် 新华网

ပေကျင်း၊ ရန်ချင့်နှင့် ကျန်းကြားခေါရှိ ဆောင်းရာသီမသန်စွမ်းအိုလံပစ်ကျေးရွာအား ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။ အဆိုပါကျေးရွာသုံးခုသည် ယခင်ဆောင်းရာသီအိုလံပစ်ကျေးရွာမှ ပြောင်းလဲဖွင့်လှစ်ခြင်းဖြစ်သည်။

ဆောင်းရာသီမသန်စွမ်းအိုလံပစ်ကျေးရွာသုံးခုသည် ဆောင်းရာသီမသန်စွမ်းအိုလံပစ်ကာလအတွင်း အားကစားသမားများနှင့် အသင်းတာဝန်ရှိသူများအတွက် နေထိုင်၊ စားသောက်၊ သွားလာခြင်း စသည့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ တိုက်ခန်း၊ GYM စင်တာ၊ ဖျော်ဖြေရေးစင်တာ၊ ကွင်းပြင်ဧရိယာစသည့် အဆောက်အဦးနှင့်အပြင်အဆင်များ ပြောင်းလဲခြင်းနှင့် ယာယီ Barrier-free Facilities များ ကိုထပ်တိုးတပ်ဆင်ထားပါသည်။ စားသောက်ခန်းများတွင်လည်း စားသောက်ထိုင်ခုံနေရာနှင့် အဖျော်ယမကာ ထားရှိသည့်နည်းလမ်းများကို ပြောင်းလဲစီမံထားပါသည်။ ဘီးတပ်ကုလားထိုင် စားသောက်ခန်းကို ကြိုတင်စီစဉ်ထားသည်။ ကွင်းပြင်ဧရိယာတွင် ဘီးတပ်ကုလားထိုင်နှင့် ခြေတုလက်တု ပြုပြင်ထိန်းသိမ်းရေးစင်တာ ဖွင့်လှစ်ထားသည်။ လမ်းပန်းဆက်သွယ်ရေးနေရာများတွင် Barrier-free shuttle bus များထားရှိပြီး မသန်စွမ်းသူများအတွက် အထူးပလက်ဖောင်း၊ အထူးယာဉ်ရပ်နားနေရာများ ထောက်ပံ့ပေးကာ အထူးထောက်ပံ့ရေးဝန်ထမ်းများလည်း ထားရှိပါသည်။

လက်ရှိကိုယ်စားလှယ်အဖွဲ့(၄၈)ဖွဲ့သည် ပေကျင်းဆောင်းရာသီမသန်စွမ်းအိုလံပစ်အားကစားပွဲတွင် ပါဝင်ခွင့် ရရှိခဲ့ပါသည်။ ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီမသန်စွမ်းအိုလံပစ်အားကစားပွဲသည် မတ်လ(၄)ရက်နေ့တွင် ဖွင့်ပွဲကျင်းပပြီး မတ်လ(၁၃)ရက်နေ့တွင် ပိတ်ပွဲကျင်းပမည်ဖြစ်ရာ စုစုပေါင်း(၉)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ မသန်စွမ်းအိုလံပစ် အယ်လ်ပိုင်းစကိတ်စီးခြင်း၊ မသန်စွမ်းရေခဲပြင်ဟော်ကီ၊ wheelchair curling စသဖြင့်ပြိုင်ပွဲ(၆)ခုပါဝင်ပြီး ရွှေတံဆိပ်ဆု(၇၈)ခု ပေးအပ်မည်ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်၊ CCTV.com ,ဘာသာပြန်၊ Yunnan gateway)