တရုတ်လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ဦးလည်မသုန် စွဲကိုင်ရမည်ဟု ရှီကျင့်ဖိန်ဆို

2022-02-28 12:54:41 |သတင်းအရင်းအမြစ် CRI

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ယခုလ ၂၅ရက်နေ့ ညနေပိုင်းက တရုတ် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် ပတ်သက်၍ ၃၇ကြိမ်မြောက် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ဆွေးနွေးပွဲကို ကြီးမှူးကျင်းပရာတွင် လူ့အခွင့်အရေး လေးစားခြင်းနှင့် အာမခံပေးခြင်းသည် တရုတ် ကွန်မြူနစ်ပါတီဝင်များ၏ မလျှော့သောဇွဲဖြင့် လိုက်စားမှု ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ဦးလည်မသုန် စွဲကိုင်ပြီး လူ့အခွင့်အရေး လေးစားခြင်းနှင့် အာမခံပေးခြင်းကို ပိုပြီး အလေးထားကာ တရုတ်ပြည်၏ လူ့အခွင့်အရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။