တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် L-SAR 01B ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဂြိုဟ်တုအား ဘူမိဗေဒပတ်ဝန်းကျင် ၊ မြေပြိုမှုများ နှင့် ငလျင်လှုပ်ခတ်မှုများအား စောင့်ကြည့်ရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ်ဂြိုဟ်တုလွှတ်တင်ခြင်းသည် Long March သယ်ဆောင်ရေးဒုံးပျံများ၏ ၄၀၈ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)