အမေရိကန်က တောင်တရုတ်ပင်လယ် “အရေးအခင်းကို ဖန်တီးသူ” ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

2022-03-01 20:03:30 |သတင်းအရင်းအမြစ် 新华网

အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ “ပြဿနာ ဖန်တီးသူ”နှင့် “အရေးအခင်း ဖန်တီးသူ” ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန်ခက်ဖေးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ထန်ခက်ဖေးက တောင်တရုတ်ပင်လယ်၏ လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့်ပျံသန်းရေးသည် မည်သည့်အခါကမျှ ပြဿနာမရှိခဲ့ကြောင်း ပြောကြားသည်။ ကာလကြာရှည် အမေရိကန်ဘက်က “လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့်ပျံသန်းရေး” ဟု အလံတင်ပြီး စစ်ရေယာဉ်များကြိမ်ဖန်များစွာ စေလွှတ်ခြင်းက တောင်တရုတ်ပင်လယ်တွင် ရန်စကာ အခွင့်အာဏာချိုးဖောက်ခြင်းနှင့် လက်နက်အင်အားဝံ့ကြွားခြင်းက ဒေသတွင်းတင်းမာမှုအခြေအနေကို ပို၍ ဆိုးဝါးစေကြောင်း၊ “ခွန်အား ဗလ” ပြသမှုများပါက ကြွက်သားဒဏ်ရာရတတ်ကြောင်း ၎င်းက ဆိုသည်။

အများသိကြသည့်အတိုင်း ပြီးခဲ့သည်နှစ်မှစပြီး အမေရိကန်တပ်က တောင်တရုတ်ပင်လယ်ဒေသ ပင်လယ်ရေအောက်တွင် ရေငုပ်သင်္ဘောတိုက်မိမှု၊ ပင်လယ်ပေါ်သို့ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း ၊ ပြီးခဲ့သည်နှစ်များတွင်လည်း ၎င်း၏ စစ်ရေယာဉ်က မတူညီသည့်ရေပြင်ဒေသများတွင် ကြိမ်ဖန်များစွာ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုးဝါးသည့် လူသေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းကိစ္စရပ်များက အမေရိကန်သည် လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့်ပျံသန်းရေး၏ ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ဘဲ “ပြဿနာဖန်တီးသူ” နှင့် “အရေးအခင်း ဖန်တီးသူ” ဖြစ်သည်ကို ဖော်ပြခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်ဟာ ငြိမ်းချမ်းရေးပင်လယ်၊ ချစ်ကြည်ရေးပင်လယ်၊ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပင်လယ်ဖြစ်ပြီး သီးခြားနိုင်ငံတစ်နိုင်ငံရဲ့ အစွမ်းသတ္တိပြမယ့်နေရာ မဟုတ်ဘူးလို့ ကျွန်တော်တို့က ယူဆတယ်” ၎င်းက ဆိုသည်။

ထို့ပြင် ထန်ခက်ဖေးက အမေရိကန်နိုင်ငံသည် ကာလကြာရှည် ကျယ်ကျယ်ပြန့်ပြန့် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်သင့်ကြောင်း ၊ ထိုသို့မဟုတ်ပါက ထိခိုက်နစ်နာမည်မှာ ဒေသတွင်း နိုင်ငံများက ထိန်းသိမ်းကာကွယ်ထားသည့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေး၏ ကြိုးပမ်းမှုကိုသာမက မိမိ၏ယုံကြည်မှုနှင့် လူပုဂ္ဂိုလ် လုံခြုံရေးကိုလည်းပဲ အန္တရာယ်ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။ (Xinhua)