ကူမင်းတိုနန်ပန်းဈေးတွင် လတ်ဆတ်ပန်းများရောင်းဝယ်ရေးပမာဏ သန်းပေါင်းသောင်းချီကျော်လွန်ခဲ့

2022-03-01 20:06:11 |သတင်းအရင်းအမြစ် 云南日报

၂၀၂၁ ခုနှစ် ယူနန်တိုနန်ပန်းစျေးမှ လတ်ဆတ်ပန်းများ ရောင်းဝယ်ရေးပမာဏသည် အပွင့်ပေါင်း(၁၀၂၅၇)သန်း ရှိပြီး ပန်းမန်ရောင်းဝယ်ရေးပမာဏသည် ယွမ်(၁၁၂၄၄)သန်းရှိခဲ့ရာ နှစ်ခုပေါင်း သန်းပေါင်းသောင်းချီ ကျော်လွန် ခဲ့ပါသည်။

တိုနန်ပန်းစျေးသည် အာရှတိုက်ရှိအကြီးဆုံးသော ပန်းမန်လေလံနှင့်ကောင်တာရောင်းဝယ်ရေးစင်တာ ဖြစ်ပါသည်။ နေ့စဉ်စျေးကွက်ပေါ်တွင် အမျိုးအစား(၁၁၇)မျိုး၊ (၁၆၀၀)ကျော်သောပန်းအမျိုးအစားကို ရောင်းချလျက်ရှိသည်။ ဤနေရာတွင် ယူနန်ပြည်နယ်၏ (၆၀%)သောလတ်ဆတ်ပန်းနှင့် ဘေးပတ်ဝန်းကျင်နိုင်ငံ၊ ပြည်နယ်များ၏ ပန်းများ ရောင်းဝယ်လျက်ရှိပြီး နိုင်ငံနှင့်ဒေသပေါင်း(၅၀)ကျော်သို့ တင်ပို့နေရာ တရုတ် တစ်နိုင်ငံ လုံး၏ လတ်ဆတ်ပန်း ဆိုင်ရာစျေးကွက်၏ (၅၀%)ထက်ပိုများသည်။

လတ်ဆတ်ပန်းများရောင်းဝယ်ခြင်းအပြင် တိုနန်ပန်းစျေးတွင် ပန်းအလှဆင်ခြင်း၊ Succulents ၊ ပန်းထွက်ကုန် များ၊ ပန်းမန်မျိုးစေ့များစသည်တို့ကိုလည်း ရောင်းဝယ်လုပ်ဆောင်ကြသည်။ ပန်းမန်လုပ်ငန်းကွင်းဆက်ကို အဆက်မပြတ် ချဲ့ထွင်လျက်ရှိပါသည်။ Succulents စျေးကွက်သည် ပြည်နယ်အတွင်း အကြီးဆုံးသော လက်လီလက္ကားစျေးနှင့် ဆယ်လီများ လာရောက် check-in လုပ်ဆောင်သည့် နေရာလည်းဖြစ်လာပါသည်။ နှစ်စဉ်နှစ်တိုင်း တိုနန်ပန်းစျေးသို့လာပြီး ပန်းဖောက်သည်များ၊ ခရီးသွားအပန်းဖြေလောရောက်သူဦးရေသည် (၂၄)သိန်းကျော်ရှိပါသည်။

တိုနန်ပန်းစျေးတွင် လုပ်ငန်းနှင့်ကုန်သည်ပေါင်း(၂၂၀၀)ကျော်၊ ကုန်တင်ပို့သူ(၁၀၀၀)ကျော်၊ ကုန်စည်သယ်ပို့ ဆောင်ရေးလုပ်ငန်း(၄၆)ခု၊ ဆက်စပ်စိုက်ပျိုးသူ(၈)သောင်းကျော်၊ ကုန်ထောက်ပံ့ရေး အမှတ်တံဆိပ်(သမဝါယမ) (၁၂၀၀၀)ခန့်၊ ပန်းအရောင်းအဝယ်အကျိုးဆောင်(၁၀၀၀၀)ကျော်၊ တစ်နိုင်ငံလုံး၏ ပန်းမန်လက်ကားစျေး နှင့်ပန်းဆိုင်သုံးသိန်းခွဲကျော်တို့ဖြင့် “စျေးကွက်တစ်ခုက လုပ်ငန်းတစ်ခုသို့ ဦးတည်ရှင်သန်စေ”သော ဖွဲ့စည်းပုံ ဖြစ်လာစေပါသည်။

တိုနန်ပန်းစျေးသည် Tik tok နှင့်ပူးပေါင်းပြီး တိုနန်ပန်းမန်လုပ်ငန်း Tik tok live ထုတ်လွှင့်မှု ထောက်ပံ့ရေး စီမံချက်ကို လုပ်ဆောင်ထားပါသည်။ တစ်နိုင်ငံလုံးရှိ ပထမဆုံးသော ပန်းမန်လုပ်ငန်း Tik tok live တိုက်ရိုက် ထုတ်လွှင့် သရုပ်ပြကျေးရွာကို တည်ဆောက်နေပါသည်။
(သတင်းအရင်းအမြစ်။ Yunnan daily, ဘာသာပြန်၊ Yunnan gateway)