ယူနန်ယွီးရှီးတွင် ကုန်တင်ကားဝန်ပိုတင်ပြီး တိမ်းမှောက်ခြင်းကြောင့် လူ(၆)ဦးသေဆုံး၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးခြင်းနှင့်ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းအဖွဲ့စေလွှတ်ခဲ့

2022-03-01 20:12:27 |သတင်းအရင်းအမြစ် 云南日报

ဖေဖော်ဝါရီ(၂၆)ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီးရှီးမြို့တွင် ကုန်တင်ယာဉ်ကြီးတစ်စီးတိမ်းမှောက်ပြီး ကားလေးတစ်စီးကိုဝင်တိုက်သည့် မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူ(၆)ဦးသေဆုံးခဲ့ပါသည်။
ကနဦးစုံစမ်းချက်အရ ယွီးရှီးမြို့ယာဉ်မောင်းသူ ကိုရင်သည် ကုန်တင်ယာဉ်ဝန်ပိုများစွာတင်ပြီး ဘရိတ်စနစ် ချို့ယွင်းသော အကြီးစားကုန်တင်ယာဉ်ကိုမောင်းကာ သတ္တုရိုင်းများကို တောင်အောက်သို့သယ်ပို့စဉ် တောင်ဆင်း အကွေ့လမ်းတစ်လမ်းတွင် ဝန်ပိုတင်ဆောင်ထားခြင်း၊ ဘရိတ်စနစ်ချို့ယွင်းခြင်း၊ စနစ်တကျလုပ်ဆောင်မှု မရှိခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်ခဲ့ရာ မျက်နှာချင်းဆိုင်မှလာသော ကားလေးတစ်စီးပေါ်ပိမိကာ ကားပေါ်မှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့အတူ လူ(၄)ဦးအား ဆေးရုံသို့တင်ပို့ခဲ့သော်လည်း သေဆုံးခဲ့ပါသည်။

လက်ရှိတွင် ဒေသပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာကုန်ကားယာဉ်မောင်းအား ဖမ်းဆီးခဲ့ပြီး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။