မတ်လကုန်တွင် ယူနန်ကူမင်း၌ “ရောဂါကုသပြီးမှငွေပေးချေ”သည့် စနစ် စတင်စမ်းသပ်လုပ်ဆောင် မည်

2022-03-02 18:57:29 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ် ကူမင်းမြို့တွင် “ရောဂါကုသပြီးမှငွေပေးချေ”သည့်စနစ်ကို အဆင်ပြေသော ပြည်သူဝန်ဆောင်မှုပုံစံဖြစ်စေရန် စူးစမ်းလေ့လာမှုများနှင့်အတူ ရှေ့ပြေးလုပ်ငန်းများကို မတ်လ ကုန်တွင် စတင်စမ်းသပ်လုပ်ဆောင်မည် ဖြစ်သည်။ လူနာများသည် ကိုယ်ရေးကိုယ်တာ credit မှတ်တမ်းပေါ်မူတည်၍ ဆေးဘက်ဆိုင်ရာအာမခံဦးစီးဌာန သို့မဟုတ် ဆေးရုံ၏ wechat တွင် စာချုပ်ချုပ်ဆိုလိုက်သည်နှင့် ဆေးကုသမှု ပမာဏတစ်ခုကို ရယူနိုင်မည်ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်း၊ ဆေးဝယ်ယူခြင်း စသည့် လုပ်ငန်းစဉ်များအားလုံးပြီးစီးပြီးနောက် ငွေရေး ကြေးရေးအဖွဲ့အစည်းများမှ ငွေကို ကြိုတင်ပေးချေသွားမည်ဖြစ်ပါသည်။

ယခင်က လူနာများသည် ဆေးရုံသို့ဆေးကုသရန်လာပြသည့်အခါ၌ အချိန်တစ်ဝက်ကျော်သည် ငွေပေးချေရန် တန်းစီနေရပါသည်။ “ရောဂါကုသပြီးမှငွေပေးချေ”ကို လုပ်ဆောင်ပြီးနောက် လူနာ များဆေးကုသမှုခံယူသည့်အခါ “တန်းမစီးရ”တော့သည့်အတွက် များစွာလွယ်ကူစေမည် ဖြစ်ပါသည်။ ယခုနှစ်အတွင်း ကူမင်းမြို့ရှိ သတ်မှတ်ထားသော ဆေးရုံ(၂၀)ခုရှိ ပြင်ပလူနာဌာနတွင် အဆိုပါ ဝန်ဆောင်မှုကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်၊ -ချွင်းချိန်ညခင်းသတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)