တရုတ်-လာအိုမီးရထားလမ်းသည် တရုတ်နှစ်ကူးကာလအတွင်း ခရီးသည်ပေါင်း(၇)သိန်းကျော်၊ ကုန်ပစ္စည်းပေါင်း(၁.၇) သောင်းတန်ကို သယ်ပို့ပေးခဲ့

2022-03-02 18:58:28 |သတင်းအရင်းအမြစ် 新华网

ယခုနှစ် တရုတ်နှစ်ကူး သယ်ယူပို့ဆောင်ရေးကာလအတွင်း တရုတ်-လာအိုမီးရထားလမ်းသည် ခရီးသည်ပေါင်း(၇)သိန်းကျော်၊ ကုန်ပစ္စည်းပေါင်း(၁.၇)သောင်းတန်ကို သယ်ပို့နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မီးရထားလမ်း(ကူမင်း)ညွန်ကြားမှုဦးစီးဌာနအုပ်စုကုမ္ပဏီလီမိတက်မှ ယခုရက်ပိုင်း ထုတ်ပြန်သည့် သတင်းအရ သိရပါသည်။

ယခုနှစ်တရုတ်နှစ်ကူးသယ်ယူပို့ဆောင်ရေးကာလသည် ဇန်နဝါရီ(၁၇)ရက်မှ ဖေဖော်ဝါရီ(၂၅)ရက်ထိ စုစုပေါင်းရက်(၄၀)ဖြစ်ပါသည်။ ၎င်းကာလအတွင်း တရုတ်-လာအိုမီးရထားလမ်း တရုတ်နိုင်ငံအပိုင်းတွင် တစ်ရက်တည်းအများဆုံးခရီးသည်ပို့ဆောင်ဦးရေသည် (၃)သုံး(၃)ထောင် ရှိခဲ့သည်။ အချိန်ကာလတူ လာအိုနိုင်ငံအပိုင်း၏ ခရီးသည်သွားလာနှုန်းသည်လည်း တည်ငြိမ်စွာ တိုးမြင့်နေပြီး ခရီးသည်ပေါင်း(၇)သောင်း(၈)ထောင်ကို သယ်ပို့ပေးခဲ့သည်။

ထို့ပြင် တရုတ်နှစ်ကူးသယ်ယူပို့ဆောင်ရေးကာလအတွင်း တရုတ်-လာအိုမီးရထားလမ်းတွင် ကုန်တင်ရထားတွဲပေါင်း(၆၀၇)တွဲ၊ ကုန်ပစ္စည်းပေါင်း(၁.၇)သောင်းတန်ကို သယ်ပို့နိုင်ခဲ့သည်။ ၎င်းတို့အနက် နိုင်ငံတကာကုန်ပစ္စည်းရတားတွဲ(၁၅၁)တွဲရှိပြီး ကုန်ပစ္စည်းပေါင်း(၁.၁)သောင်းတန် သယ်ပို့နိုင်ခဲ့ပါသည်။ ရထားတွဲမှသယ်ပို့သော ကုန်ပစ္စည်းအမျိုးအစားမှာ ပိုမိုများပြားလာလျက် ရှိသည်။ စတင်ပြေးဆွဲချိန်က တိရစ္ဆာန်အစာ၊ မြေသြဇာ၊ ရာဘာမှ ယနေ့ဒီဂျစ်တယ်အီလက်ထရောနစ် ကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ လတ်ဆတ်ပန်းများ၊ ဟင်းသီးဟင်းရွက်များ စသည်တို့အထိ တိုးချဲ့နိုင်ခဲ့ပါသည်။ လက်ရှိတရုတ်-လာအိုမီးရထားလမ်းတွင် ကုန်ပစ္စည်းသယ်ပို့သည့် ဘူတာရုံ(၁၀)ခုရှိပြီဖြစ်သည်။ ကုန်သယ်ပို့ ပမာဏမှာ တည်ငြိမ်စွာ မြင့်တက်လျက်ရှိပါသည်။

(သတင်းအရင်းအမြစ်။ ဆင်ဟွာသတင်းဌာန၊ ဘာသာပြန်၊ Yunnan gateway)