သမ္မတရှီက လက်နက်ကိုင်ရဲတပ်ဖွဲ့အား ပါတီ နှင့် ပြည်သူအပေါ် အမြဲတမ်းသစ္စာစောင့်သိသော ကာကွယ်စောင့်ရှောက်သူ ဖြစ်ရန် ပြောကြား

2022-03-03 17:25:13 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လက်နက်ကိုင်ရဲတပ်ဖွဲ့များအား တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) နှင့် ပြည်သူများအပေါ် သစ္စာစောင့်သိသောကာကွယ်စောင့်ရှောက်သူများအဖြစ် အမြဲတမ်းအလုပ်အကျွေးပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်သူ ရှီကျင့်ဖိန်က ရှန်ဟိုင်းမြို့ရှိ ပြည်သူ့ လက်နက်ကိုင်ရဲတပ်ဖွဲဌာနမှ ပေးစာတစ်စောင်အား ပြန်ကြားရာတွင် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)