တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

2022-03-03 17:30:12 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုချက်အရ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kulebaနှင့် မတ် ၁ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ထိုသို့ ဆွေးနွေးရာတွင် Dmytro Kulebaက ယူကရိန်း-ရုရှား ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုအခြေအနေကို ပြောကြားခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေးမှာ ယူကရိန်း၏ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ယူကရိန်းဘက်က တံခါးဖွင့်ထားပြီး ယူကရိန်း-ရုရှား ဆွေးနွေးမှုကို သဘောထားမှန်ကန်စွာ အပြုသဘောထားရှိမည် ဖြစ်ကြောင်း ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုက လက်ရှိတွင် အဆင်ပြေချောမွေ့မှုမရှိသေးသော်လည်း ယူကရိန်းအနေဖြင့် တည်ငြိမ်စွာ ဆွေးနွေးမှုများကို ဆက်လက်တွန်းအားပေး ဆောင်ရွက်လိုကြောင်း၊ ယူကရိန်းအရေးတွင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ရာ တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ဆောင်ရွက်လိုကြောင်းနှင့် အပစ်ခတ်ရပ်စဲရေးဖော်ဆောင်ရာတွင် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းစေ့စပ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ယူကရိန်းအခြေအနေ ဆိုးဝါးပြီး ယူကရိန်း-ရုရှား ပဋိပက္ခပေါက်ကွဲမှုဖြစ်ပေါ်လာသည့်အတွက် ဝမ်းနည်းရကြောင်း ၊ အရပ်သားထိခိုက်ဒဏ်ရာရမှုကို အထူးပင် ဂရုစိုက်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ရပ်တည်ချက်က အခြေခံအားဖြင့် ပွင့်လင်းမြင်သာ၍ တသမတ်တည်း ရှိကြောင်း ၊ မိမိတို့အနေဖြင့် နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည်စုံမှုကို အစဉ်အမြဲလေးစားကြောင်း၊ လက်ရှိ အကျပ်အတည်းတွင် ယူကရိန်းနှင့်ရုရှား နှစ်နိုင်ငံအနေဖြင့် ညှိနှိုင်းဆွေးနွေးကာ ပြဿနာများကို ဖြေရှင်းကြရန် တိုက်တွန်းကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းသည့် အပြုသဘောဆောင်ကြိုးပမ်းမှုကို အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံတကာ၏ ကြိုးပမ်းမှုအားလုံးကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

တစ်နိုင်ငံ၏လုံခြုံရေးသည် အခြားနိုင်ငံ၏လုံခြုံရေးကိုထိခိုက်နစ်နာအောင် အစားထိုးလုပ်ဆောင်၍မရသလို ဒေသလုံခြုံရေးသည် စစ်ရေးအုပ်စုချဲ့ထွင်ခြင်းဖြင့် ဖော်ဆောင်၍မရသည်ကို တရုတ်နိုင်ငံအနေဖြင့် အစဉ် ယူဆကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
စစ်ပွဲ အဆက်မပြတ် ကျယ်ပြန့်လာရာတွင် လက်ရှိအရေးကြီးဆုံးက မြေပြင်အခြေအနေများကို အတတ်နိုင်ဆုံးဖြေလျှော့ရန်၊ ပဋိပက္ခအရှိန်မြင့်တက်လာမှုနှင့် အထိန်းအကွပ်မဲ့ ဖြစ်ပွားနိုင်မှုကို ရှောင်ရှားရန် ဖြစ်ကြောင်း၊ အထူးသဖြင့် အရပ်သားပြည်သူများ၏ ထိခိုက်နစ်နာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်လာမှုကို ကာကွယ်တားဆီးရန် ဖြစ်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံခြုံဘေးကင်းစွာအချိန်မီဝင်ရောက်ရေးအတွက် အာမခံထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ယူကရိန်းရှိ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အလေးထားပေးရန် ပြောကြားခဲ့ပြီး သက်ဆိုင်သည့် နိုင်ငံတကာတာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအစိုးရအနေဖြင့် ယူကရိန်းရှိ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးအခြေအနေကို အထူးအလေးထားကြောင်း၊ ယူကရိန်းရှိ တရုတ်နိုင်ငံသားများသည် တရုတ်-ယူကရိန်း ချစ်ကြည်ရေး သံတမန်များ ဖြစ်ရာ ယူကရိန်းပြည်သူများ၏ မိတ်ဆွေများဖြစ်ကြောင်း ဆိုသည်။ ယူကရိန်းရှိ တရုတ်ပညာတော်သင်များနှင့်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိရာ ယူကရိန်းလူမှုအဖွဲ့အစည်း ကဏ္ဍအသီးသီး၏ချစ်ကြည်ရင်းနှီးသည့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံခြားသားများ ထွက်ခွာရန်အတွက် ယူကရိန်းမှ သီးသန့်ဖွင့်လှစ်ပေးခြင်းကို တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားပါကြောင်း၊ ယင်းလုပ်ဆောင်ချက်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စိတ်ဓါတ်နှင့်ကိုက်ညီပါကြောင်း၊ ယူကရိန်းရှိတရုတ်နိုင်ငံသားများ ဘေးကင်းစွာ ထွက်ခွာရန် လိုအပ်သည့်နည်းလမ်းများဖြင့် အာမခံပေးစေလိုကြောင်း ပြောကြားခဲ့သည်။

Dmytro Kulebaကလည်း နိုင်ငံခြားသားများ၏လုံခြုံရေးကို အာမခံထားဆောင်ရွက်ပေးရန်မှာ ယူကရိန်း၏အရေးကြီးသည့်တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း ဆိုသည်။ ယူကရိန်းအနေဖြင့် တရုတ်နိုင်ငံ၏ဂရုပြုမှုကို အထူးအလေးထားပြီး တရုတ်ပညာတော်သင်များ ချောမွေ့စွာ ထွက်ခွာနိုင်ရေးကူညီပေးနေကြောင်း ၊ တာဝန်ယူမှုရှိစွာဖြင့် နိုင်ငံခြားသားများဘေးကင်းစွာထွက်ခွာရေး သက်ဆိုင်ရာ အာမခံမှုရှိစေရန် ကောင်းမွန်စွာ လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)