တရုတ်နိုင်ငံ၏ မိမိကိုယ်ကို မှီခိုရန် သိပ္ပံ-နည်းပညာတီထွင်ဆန်းသစ်မှုသည် အခြားသူများကို ခြိမ်းခြောက်ရန်မဟုတ်ပေ

2022-03-03 17:38:06 |သတင်းအရင်းအမြစ် 新华网

အချို့သောအနောက်တိုင်းမီဒီယာများက တရုတ်နိုင်ငံ၏ မိမိကိုယ်ကို-မှီခိုရန် သိပ္ပံဆိုင်ရာတီထွင်ကြိုးပမ်းအားထုတ်မှုများကို အရည်အသွေး စံချိန်စံညွှန်း နှင့် ထုတ်လုပ်မှုအဆင်ပြေ ကိုက်ညီခြင်းမရှိသော ဈေးကွက်များထဲဝင်ရောက်ကာ ဖဲ့ထုတ်ခြင်း သို့မဟုတ် ကွဲထွက်ခြင်း ဖြစ်ပေါ်စေမည်ဟူ၍ စိုးရိမ်ပူပန်ကြောင်း မှားယွင်းစွာ သတင်းရေးသားဖော်ပြလျက်ရှိသည်။ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများအားလုံးသည် ခိုင်မာမှုမရှိသလို မလိုလားအပ်သော စိုးရိမ်ပူပန်မှုများသာဖြစ်သည်။

တရုတ်နိုင်ငံ၏ အမှီအခိုကင်းသော သိပ္ပံ-တီထွင်ဆန်းသစ်မှုကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခြင်းသည် ဗိုလ်ကျစိုးမိုးရေးစိတ်နေစိတ်ထားကို ဖော်ညွှန်းနေခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အဆင့်မြင့်-နည်းပညာဖွံ့ဖြိုးတိုးတက်လာခြင်းကို တမင်တကာ ပုတ်ခတ်ပြောဆိုနေမှုအား ရပ်တံ့ခြင်းမပြုဘဲ တရုတ်လုပ်ငန်းများအား အရေးယူရန် နှင့် ဖိနှိပ်ရန်အတွက် အကြောင်းပြချက်မျိုးစုံ ထုတ်သုံးခဲ့သည်။

၎င်း၏ ကိုယ်ပိုင်ကွန်ရက်မှ တရုတ်နည်းပညာကုမ္ပဏီဟွာဝေး၏ ထုတ်ကုန်များကို အမေရိကန်နိုင်ငံက တားဆီးပိတ်ပင်ခဲ့ရုံမျှသာမက ထိုသို့လုပ်ဆောင်ရန် အခြားနိုင်ငံများကိုလည်း ဖိအားပေးခဲ့သည်။ ထို့ပြင် ၎င်း၏ ကုမ္ပဏီများကိုလည်း တရုတ်နည်းပညာကုမ္ပဏီများထံ ဆော့ဝဲလ် နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းမပြုရန် ဟန့်တားပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

အနိုင်ကျင့်ခြင်း နှင့် ဖိနှိပ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ အဆင့်မြင့်-နည်းပညာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းကို ဟန့်တားနိုင်မည်မဟုတ်သလို အမေရိကန်လက်ဝါးကြီးအုပ်ထားမှုကိုလည်း ကာလရှည်ကြာစွာထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

တရုတ်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများထံမှ အဓိကနယ်ပယ်များအတွက် နည်းပညာများရရှိအောင် မေးမြန်းခြင်း တောင်းခံခြင်း သို့မဟုတ် ဝယ်ယူခြင်း ပြုလုပ်၍ မရနိုင်သည်ကို အတွေ့အကြုံမှတဆင့် လေ့လာသင်ယူခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် အခြားသူများအား ထိခိုက်စေရန် မည်သည့်ရည်ရွယ်ချက်မျှ လုံးဝမပါဘဲ အရည်အသွေးမြင့်ဝန်ဆောင်မှု နှင့် မိမိကိုယ်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။

မိမိကိုယ်ကို-မှီခိုခြင်းသည် တရုတ်နိုင်ငံအား ကမ္ဘာ့နိုင်ငံများအလယ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်စေသလို တီထွင်ဆန်းသစ်မှုသည် သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် အမြင့်သစ်ဆီသို့ ဦးတည်သွားရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် ထောက်ခံအားပေးရန် သိပ္ပံ နှင့် နည်းပညာနယ်ပယ်တွင် မိမိကိုယ်ကို-မှီခိုရမည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှု-မောင်းနှင်အားဖွံ့ဖြိုးတိုးတက်ခြင်းမဟာဗျူဟာကို ဆုတ်ကိုင်ထားရမည်ဖြစ်သည်။ သိပ္ပံ နှင့် နည်းပညာနယ်ပယ်တွင် မိမိကိုယ်ကိုမှီခိုခြင်း နှင့် မိမိကိုယ်ကိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်တစ်ခုအတွက် အဓိကသော့ချက်ဖြစ်ပြီး နိုင်ငံအတွက် ခေတ်မီစက်မှုလုပ်ငန်း တည်ဆောက်ပုံကို ပိုမိုသိရှိနားလည်ရန် မဖြစ်မနေလိုအပ်ချက်ဖြစ်သည်။

ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူးသော ကပ်ရောဂါတစ်ခုနှင့် အခြားသောအပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိနေပြီး တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း(၂၀၂၁ ၀ ၂၀၂၅) ကာလအတွင်း ကောင်းမွန်စွာစတင်ခဲ့သည်။ အမျိုးသားသိပ္ပံ-နည်းပညာခေတ်ရှေ့ပြေးတိုးတက်အောင်မြင်မှုများဖြစ်ထွန်းလာရန် အကျိုးကျေးဇူးများရရှိပိုင်ဆိုင်ခဲ့သည်။

သိပ္ပံ-နည်းပညာတီထွင်ဆန်းသစ်မှုသည် တရုတ်နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စွာ နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် စွမ်းအားမြင့်အင်ဂျင်စက်တစ်လုံးအဖြစ် ဆက်လက်ဆောင်းနှင်နေမည်ဖြစ်သလို ယင်းက အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာ ဖြစ်ထွန်းလာရန် ရှေ့သို့ရွေ့လျားပေးသွားမည်ဖြစ်သည်။

မက်ခရိုအမြင်အားဖြင့် နိုင်ငံတစ်နိုင်ငံသည် အမှီခိုကင်းသောတီထွင်ဆန်းသစ်မှုဖြင့် နိုင်ငံတကာစက်မှုလုပ်ငန်းနယ်ပယ်တွင် ၎င်း၏ အခန်းကဏ္ဍကို ဆက်လက်မြှင့်တင်နိုင်မည်ဖြစ်သလို နောက်တွင် စီးပွားရေး စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
မိုက်ခရိုအမြင်ရှုမြင်သုံးသပ်မှုတွင် စက်မှုလုပ်ငန်းများသည် အမှီအခိုကင်းသော တီထွင်ဆန်းသစ်မှုကို တွန်းအားပေးမြှင့်တင်ခြင်း နှင့် ၎င်းတို့၏ အဓိကယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ဖြည်းဖြည်းချင်း မွေးမြူခြင်းဖြင့် အဆင့်-နိုမ့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်အပေါ် အမှီသဟဲထားရှိနေရခြင်းကို ဖယ်ခွာပစ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သော နှစ်တွင် တရုတ်နိုင်ငံ၏ သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုပေါင်း အသုံးစရိတ်သည် ယွမ်ငွေ ၂.၇၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄၄၁.၁၃ ဘီလီယံ)အထိ ရှိခဲ့ရာ နှစ်အလိုက်တိုးတက်မှုနှုန်း ၁၄.၂ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။ စက်မှုလုပ်ငန်းများအတွက် အသုံးပြုငွေသည် စုစုပေါင်း ရင်နှီးမြှုပ်နှံမှုပမာဏ၏ ၇၆ ရာခိုင်နှုန်းအထိရှိခဲ့သည်။ အဓိက သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်နှီးမြှုပ်နှံမှုငွေကြေးသည် စက်မှုလုပ်ငန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

သိပ္ပံဆိုင်ရာ တီထွင်ဆန်းသစ်မှု၏ အမှီခိုကင်းသော လမ်းကြောင်းသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှ ဖယ်ခွာ၍မရနိုင်သည်ကို မဖြစ်မနေ သတိပြုရန် လိုအပ်သည်။

တရုတ်နိုင်ငံ၏ အချင်း မီတာ ၅၀၀ ရှိသော ဧရာမ ရေဒီယိုတယ်လီစကုတ်(FAST) သည် ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်များအတွက် ၂၀၂၁ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ အသုံးပြုခွင့်ပေးခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံတာပူးပေါင်းဆောင်ရွက်မှုအတွက် ၎င်း၏ တံခါးဖွင့်မှုကို မြှင့်တင်ရန် သန္နိဌာန်အား ဖော်ညွှန်းပြသနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် COVID-19 ရောဂါ ကာကွယ်ဆေး သုတေသနပြုခြင်း ၊ ဖွံ့ဖြိုးတိုးတက်ခြင်း နှင့် ထုတ်လုပ်ခြင်း တို့တွင် နိုင်ငံပေါင်းများစွာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ထို့အပြင် အာကာသယာဉ်မှူးများ ရွေးချယ်လေ့ကျင့်ပေးခြင်း ၊ ပူးတွဲပျံသန်းခြင်း နှင့် အခြားနယ်ပယ်များတွင်လည်း တရုတ်နိုင်ငံ နှင့် နိုင်ငံခြားတိုင်းပြည်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း “China’s Space Program: A 2021 Perspective” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် စက္ကူဖြူကြေညာစာတမ်းတွင် ဖော်ပြထားသည်။ လူသားတို့၏ သိပ္ပံ-နည်းပညာတီထွင်ဆန်းသစ်မှုတွင် တရုတ်နိုင်ငံက မှတ်ကျောက်တင်လောက်သည့် ပူပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ခဲ့သည်ဟုမှာ သံသယဖြစ်ဖွယ် မရှိပေ။ တရုတ်နိုင်ငံသည် ပွင့်လင်းသောပတ်ဝန်းကျင်တစ်ခုတွင် အမှီခိုကင်းသော တီထွင်ဆန်းသစ်မှုဖြစ်ပေါ်လာသင့်သည်ကို အပြည့်အဝ အလေးဂရုပြုသော နိုင်ငံတစ်နိုင်ဖြစ်သည်။ (Xinhua)