တရုတ်-လာအို ရထားလမ်း၏ ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး စတင် ထွက်ခွာ

2022-03-03 17:40:06 |သတင်းအရင်းအမြစ် 新华网

မတ်လ ၂ ရက်နေ့တွင် ကုန်းလမ်း-ပင်လယ်ရေကြောင်း လမ်းနှစ်သွယ် ဆက်နွယ်ထားသည့် တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထားကြီးသည် တရုတ်နိုင်ငံ ချုံချင့်မြို့မှ တရားဝင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ ယခုအကြိမ်ကုန်စည်ရထားသည် ကွန်တိန်နာ ၃၇ လုံး၊ ယွမ်ငွေ ၄ သန်းခန့် တန်ဖိုးရှိကုန်ပစ္စည်းများကို သယ်ဆောင်သွားခြင်းဖြစ်ပြီး အလှကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အထွေထွေစက်ပစ္စည်း၊ နေ့စဉ်သုံးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ယခင်က ချုံချင့်မှ လာအိုနိုင်ငံ ဗီယင်ကျန်းသို့ တင်ပို့သည် ထုတ်ကုန်ပစ္စည်းများသည် အဝေးပြေးလမ်းကိုသာ အားထားရပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုဟန်နယ်စပ်ဂိတ်မှတစ်ဆင့် လာအိုနိုင်ငံ ဗီယင်ကျန်းသို့ ပို့ဆောင်ရခြင်းဖြစ်ရာ အချိန်အားဖြင့် ၁၀ ရက်ခန့် ကြာမြင့်ခဲ့သည်။ ယခုအခါ တရုတ်-လာအို ရထားလမ်းဖွင့်လှစ်လိုက်ခြင်းနှင့်အတူ ချုံချင့်၏ ပို့ကုန် သယ်ယူပို့ဆောင်ချိန်သည် ၅ ရက်ခန့်အထိ လျှော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းအရ သိရသည်။