တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ပေကျင်း ၂၀၂၂ မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်

2022-03-04 12:00:39 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၄ ရက် ညပိုင်း၌ အမျိုးသားအားကစားရုံတွင် ပြုလုပ်ရန် စီစဉ်ထားသော ပေကျင်း ၂၀၂၂ မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ ရှီက အားကစားပွဲများဖွင့်လှစ်ကြောင်း ကြေညာပေးမည်ဖြစ်သည်။

ယင်းအခမ်းအနားကို China Media Group က တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းနှင့် xinhuanet.com ကလည်း ဓာတ်ပုံများနှင့် သတင်းများအား တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)