ချင့်ချင့်ချိန်ချိန်ဖြင့် တရုတ်ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုသည် ပြည်သူ့လုံခြုံရေးအား ကျယ်ကျယ်ပြန့်ပြန့် သေချာခိုင်မာစေရန်ဖြစ်

2022-03-07 13:20:07 |သတင်းအရင်းအမြစ် 新华网

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ချီတက်အလေးပြုနေကြစဉ်(ဆင်ဟွာ)

 

ယခုနှစ်တွင် တရုတ်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်(ဘတ်ဂျက်) ကို ယွမ် ၁.၄၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၂၉ ဘီလီယံ) သုံးစွဲခြင်းဖြစ် ၇.၁ ရာခိုင်နှုန်းမြင့်တက်စေမည်ဖြစ်ပြီး ယင်းမှာ စစ်ရေးအသုံးစရိတ်တွင် ခုနှစ်နှစ်ဆက်တိုက် ကိန်းဂဏန်းတစ်လုံးတည်းတိုးမြှင့်ခြင်းကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း အမျိုးသားဥပဒေပြုအဖွဲ့မှ ၂၀၂၂ ခုနှစ်အတွက် တင်သွင်းသော ဗဟို နှင့် ဒေသတွင်း ဘတ်ဂျက်များ ဆိုင်ရာ ဥပဒေကြမ်း ထုတ်ပြန်ချက်တစ်စောင်အရ သိရသည်။

တရုတ်နိုင်ငံသည် ကာကွယ်ရေးသဘောသဘာဝအတိုင်း နိုင်ငံတော်ကာကွယ်ရေးမူဝါဒတစ်ရပ်ကို ကျင့်သုံးလျက်ရှိ သည်။တရုတ်နိုင်ငံအစိုးရပြောရေးဆိုခွင့်ရှိသူများ နှင့် တရားဝင်စာရွက်စာတမ်းများတွင် အကြိမ်ကြိမ်အခါခါ ပြောဆို ထုတ်ပြန်ထားသည့်အတိုင်းပင် တရုတ်နိုင်ငံအနေဖြင့် မည်မျှပင် ကာကွယ်ရေးအသုံးစရိတ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည်ဖြစ်စေ သို့မဟုတ် မည်သို့ပင် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များအား အဆင့်တန်းမြှင့်တင်ခြင်းပြုလုပ်သည်ဖြစ်စေ တရုတ်နိုင်ငံသည် ဗိုလ်ကျစိုးမိုးမှု ၊ ချဲ့ထွင်မှု သို့မဟုတ် ဩဇာလွှမ်းမိုးမှု လုပ်ဆောင်ရန် မဟုတ်ကြောင်း ဆိုသည်။

ဤအရာသည် အမေရိကန်နိုင်ငံနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်၏ ကာကွယ်ရေး အသုံးစရိတ်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၆၈ ဘီလီယံဖြင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့်သာရှိသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ချီတက်အလေးပြုနေကြစဉ်(ဆင်ဟွာ)

 

လူတစ်ဦးချင်းဝင်ငွေအခြေခံပေါ် တွက်ချက်မည်ဆိုပါက တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်၏ ၁၆ ပုံ ၁ ပုံသာ ရှိသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ခြင်းသည် တပ်ဖွဲ့ဝင်များအား ပိုမိုကောင်းမွန်သောလေ့ကျင့်မှုပြုလုပ်ခြင်း နှင့် ပိုမိုခေတ်မီသော အသုံးဆောင်ကိရိယာများတပ်ဆင်ပေးခြင်းကို ကူညီပံ့ပိုးရန်သာဖြစ်သည်။
ထို့ပြင် အဓိကကပ်ရောဂါများ နှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့သော သမာရိုးကျမဟုတ်သည့်- လုံခြုံရေးခြိမ်းခြောက်မှုများအား ကိုင်တွယ်ဆောင်ရွက်ရန် စစ်တပ်အား ပံ့ပိုးကူညီပေးခြင်းအတွက်လည်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်တွင် ဝူဟန့်မြို့သည် COVID-19 ကပ်ရောဂါရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသဖြင့် တရုတ်စစ်တပ်က ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄,၀၀၀ ကျော်ကို စေလွှတ်ပေးခဲ့သည်။

တရုတ်နိုင်ငံနိုင်ငံတော်ကာကွယ်ရေးဥပဒေအရ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များသည် အရေးပေါ်ကယ်ဆယ်ရေး နှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတွင် မဖြစ်မနေဝင်ရောက်လုပ်ကိုင်ရန် တာဝန်တစ်ခုရှိသည်။

ပြီးခဲ့သော နွေရာသီက တရုတ်နိုင်ငံအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားသော နေရာများတွင် ကယ်ဆယ်ရေးဆောင်ရွက်ရန် တပ်ဖွဲ့ ၇၀,၀၀၀ ကျော်ကို စေလွှတ်ခဲ့သည်။ ၎င်းတို့က ပြည်သူ ၂၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး လူနာပေါင်း ၈,၀၀၀ ကျော်ကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မကာအိုမြို့စောင့်တပ်သည် ယင်းဒေသ၌ တိုက်ဖွန်းမုန်တိုင်းတစ်လုံး ဒဏ် ခံစားခဲ့ရပြီးနောက် ဒေသခံများအား ကယ်ဆယ်ရေး တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် စစ်သားများကို စေလွှတ်ပေးခဲ့သည်။

တရုတ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးပေးဆပ်ရင်း အများပြည်သူလုံခြုံရေးဆိုင်ရာကုန်ပစ္စည်းများ ပိုမိုပံ့ပိုးပေးခြင်းနှင့်အတူ နိုင်ငံတကာအသိုင်းအဝိုင်းအား ပိုမိုထောက်ပံ့ကူညီရေး ကတိကဝတ်ကိုလည်း ထားရှိဆောင်ရွက်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နှင့်အညီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်သည် ၂၀၀၈ ခုနှစ်ကတည်းက အေဒင်ပင်လယ်ကွေ့တွင် တရုတ်သင်္ဘောများ နှင့် နိုင်ငံခြားသင်္ဘောများ အစင်းပေါင်း ၇,၀၀၀ ကျော်ကို ကာကွယ်ပေးရန် အစောင့်ရှောက်လိုက်ပါဆောင်ရွက်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့အသုံးစရိတ်တွင် အဓိက ငွေကြေးထည့်ဝင်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများအကြား တပ်ဖွဲ့ဝင် အရေအတွက် ပမာဏအများဆုံး စေလွှတ်ပေးထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
၁၉၉၀ ပြည့်ကတည်းက ကမ္ဘာတစ်ဝှမ်းငြိမ်းချမ်းရေးထိန်းသိမ်းမှုဆောင်ရွက်နေသည့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု အစီအစဉ် ၂၅ ခုအတွက် တရုတ်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော်ကို စေလွှတ်ပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လူသားမျိုးနွယ်ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုတည်ဆောက်ရန် ဆောင်ရွက်ရာတွင် တရုတ်စစ်တပ်သည် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးခဲ့သည်။
တရုတ်နိုင်ငံက Peace Ark ဟု အမည်ပေးထားသည့် ၎င်း၏ ရေတပ်ဆေးရုံသင်္ဘော ကို ကမ္ဘာတစ်ဝှမ်းသို့ စေလွှတ်ကာ ဆေးဘက်ဆိုင်ရာအကူအညီများပံ့ပိုးခြင်း ၊ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းကိရိယာများပေးပို့ခြင်း နှင့် လိုအပ်သောပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း နှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားရသောနိုင်ငံများအား ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းတွင် တွန်ဂါနိုင်ငံသည် မီးတောက်ပေါက်ကွဲရာမှာ ဆူနာမီလှိုင်းဒဏ်ခံစားခံရရာ တရုတ်စစ်တပ်သည် အသင့်ဆောက်နေအိမ်များ ၊ ထွန်စက်များ ၊ မီးစက်များ နှင့် သောက်သုံးရေးများအပါအဝင် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အသုံးအဆောင်ပစ္စည်းများ တန်ချိန် ၁,၄၀၀ ကိုပေးပို့ကူညီခဲ့သည်။

တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် ပါဝင်ခြင်း ၊ ရေတပ်အစောင့်အရှောက်လိုက်ပါဆောင်ရွက်ခြင်း ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပံ့ပိုးပေးခြင်း ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်ခြင်း တို့အပါအဝင် အများပြည်သူလုံခြုံရေးဆိုင်ရာ ကုန်စည်များအား တက်ကြွစွာ ထောက်ပံ့ကူညီပေးခဲ့ရာ ယင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဒေသတွင်း တည်ငြိမ်ရေး အတွက် ခိုင်မာသော ပါဝင်ဆောင်ရွက်မှုများဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။ (Xinhua)