မိုက်ပွမ်ပီယို၏ မှားယွင်းသောမှတ်ချက်က ၎င်း၏သဘောသဘာဝနှင့် အန္တရာယ်ရှိသောရည်ရွယ်ချက်များကို ပိုမိုပေါ်လွင်စေသည်ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောကြား

2022-03-07 13:27:16 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတက်ရောက်နေသော နိုင်ငံတော်ကောင်စီ၊ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရပုဂ္ဂိုလ် ကျူးဖုန့်လျန်အားတွေ့ရစဉ် (ဆင်ဟွာ)

 

အမေရိကန်နိုင်ခြားရေးဝန်ကြီးဟောင်း မိုက်ပွမ်ပီယိုက ၎င်း၏ကိုယ်ပိုင် Facebook အကောင့်တွင် ထိုင်ဝမ်အရေးနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြထားသော မှာယွင်းသည့် မှတ်ချက်ပြုမှုသည် ဒီမိုကရေစီတိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ၏ အမြဲချဲ့ကားပြောကြားတတ်သော အဓိပ္ပာယ်မဲ့သည့် မှတ်ချက်များသာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က မတ် ၄ ရက်တွင် တုန့်ပြန်ပြောကြားခဲ့သည်။“လိမ်လည်မှု၊ ခိုးမှု”များကို တရားဝင်ဂုဏ်ယူဝံ့ကြွားကာ ထုတ်ဖော်ပြောဆိုတတ်သူအနေဖြင့် ဤစကားမျိုးပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ကြောင်း၊ ယင်းသို့ ပြောကြားခဲ့ခြင်က ၎င်း၏သဘောသဘာဝနှင့် အန္တရာယ်ရှိသောရည်ရွယ်ချက်များကို ပိုမိုပေါ်လွင်စေသည်ဟု ကျူးဖုန့်လျန်က ပြောကြားခဲ့သည်။

မတ် ၄ ရက်တွင် မိုက်ပွမ်ပီယိုက ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ ၎င်း၏ကိုယ်ပိုင် Facebook အကောင့်တွင် “အမေရိကန်အစိုးရက ထိုင်ဝမ်ကို သံတမန်ဆက်ဆံရေးနဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုသင့်ပါတယ်” ဟူ၍ ရေးသားမှတ်ချက်ပြုခဲ့ရာ ထိုင်ဝမ်မီဒီယာများက ယင်းအပေါ် ချဲ့ကားသတင်းဖော်ပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချက်အပေါ် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ကျူးဖုန့်လျန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)