
2022-03-08 19:19:16 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံခြားရေးမူဝါဒနှင့်ပြည်ပဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများအပေါ် သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို မတ် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပါဝင်သည့်အခန်းကဏ္ဍအပေါ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် အစည်းအဝေးနှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု “အာရှ အချိန်”သို့ ရောက်ရှိပြီဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု “အာရှ အချိန်”သို့ ရောက်ရှိပြီဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

BRICS နိုင်ငံများသည် ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးတွဲ၍ကိုယ်တိုင်တိုးတက်ခိုင်မာလာစေသည့် စံနမူနာ ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု တွန်းအား၏ အဓိကအင်အားလည်း ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။ ၅ နှစ်ခြားပြီးနောက် BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံအဖြစ် လက်ဆင့်ကမ်းခြင်းသည် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် BRICS နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ကြီးမှူးကျင်းပသွားမည် ဖြစ်ပြီး လှုပ်ရှားမှုပေါင်း ၁၆၀ ကျော် ကျင်းပသွားမည် ဖြစ်ကြောင်း၊ မိမိတို့သည် အခြား BRICS နိုင်ငံများနှင့်အတူ “အရည်အသွေးမြင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ကာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အတူဖန်တီးကြစို့”ဟူသော ဆောင်ပုဒ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ရာ BRICS အရောင်တောက် ခိုင်မာလာအောင်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ထွန်းလင်းလာအောင် ဖော်ဆောင်ကာ နိုင်ငံအသီးသီး လက်တွဲ၍ ကပ်ရောဂါ အနိုင်တိုက်ဖျက်ရေး၊ ကမ္ဘာ့စီးပွားပြန်လည်နိုးထလာရန် မျှော်လင့်ချက်နှင့်ယုံကြည်ချက်များ တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် မှန်ကန်မျှတသည့်အမြင်သဘောထားဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြောင်းလဲမှုကို ဦးဆောင်ကာ ကပ်ရောဂါအလွန်ကာလ ကမ္ဘာလုံးဆိုင်ရာ၏”BRICS ခံယူချက်”ကို အဆိုပြုသွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ကာ ကပ်ရောဂါတိုက်ဖျက်မှု” BRICS ကာကွယ်ရေးစည်းမျဉ်း”ကို ခိုင်မာအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆိုသည်။

ကုန်စည်ကူးသန်းရေး၊ ဘဏ္ဍာရေး၊ ဆန်းသစ်ဖန်တီးရေး၊ ဒီဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချလွတ်ကင်းရေး စသည့် ကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်မှု အဓိကထားပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြင့်ရာ” BRICS အမြန်လမ်း”ကို ခင်းကျင်းသွားမည် ဖြစ်ကြောင်း၊ “BRICS+”ပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကို ထဲထဲဝင်ဝင်ဆောင်ရွက်ကာ ထွန်းသစ်စဈေးကွက်နှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်၍ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံမှုအတွက် “BRICS အကျိုးဆောင်”အခန်းကဏ္ဍမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်တွင် တရုတ်၊ ထိုင်း နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် BRICS နိုင်ငံခေါင်းဆောင်များအစည်းအဝေး၊ APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး၊ G20ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး အသီးသီးကျင်းပသွားမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု “အာရှ အချိန်”သို့ ရောက်ရှိပြီဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ထွန်းသစ်စဈေးကွက်နှင့်ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန်ခွဲ့မှု၏”အနောက်က ပြေးလိုက်ရသူ”မှ “ယှဉ်ပြိုင်အပြေးပြိုင်နိုင်သူ”၊ “ဦးဆောင် အပြေးပြိုင်နိုင်သူ”အဖြစ် ပြောင်းလဲလာရန် မျှော်လင့်ရာ ပို၍တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်ပြီး ပိုမို၍လင်းလက်သည့်အသံပြုမှုဖြင့် နိုင်ငံတကာအခင်းအကျင်း ပို၍ တရားမျှတ၊ ကျိုးကြောင်းဆီလျော်မှုရှိရာသို့ ဦးတည်ပြီး ဦးဆောင်ပြောင်းလဲသွားမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းခြင်းအား ပို၍ ပွင့်လင်းမှု၊ အားလုံးပါဝင်လက်ခံနိုင်မှု၊ အများအကျိုးဖြစ်ထွန်းမှု၊ ဟန်ချက်ညီမှု၊ ဘုံကျိုးဖြစ်ထွန်းမှု ရှိသည့် ဦးတည်ရာသို့ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။။ (Xinhua)