အပြန်အလှန် လေးစားမှု၊ ဘုံအကျိုးဖြစ်ထွန်းစေမှုပေါ်တွင် အခြေခံသည့် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုက လှုပ်ခတ်နေသည့် ကမ္ဘာ့အခြေအနေအတွက် တည်ငြိမ်ရေး၏ပံ့ပိုးမှုအကြောင်းအရင်းဖြစ်

2022-03-08 19:23:28 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံခြားရေးမူဝါဒနှင့်ပြည်ပဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများအပေါ် သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို မတ် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ဥရောပ ဆက်ဆံရေးနှင့်စပ်လျဉ်းပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် အစည်းအဝေးနှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-ဥရောပသည် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၏ အင်အားကြီးနှစ်ရပ်ဖြစ်သလို ဘုံဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်မှု၏ ဈေးကွက်ကြီး နှစ်ခု၊ လူသားမျိုးနွယ် တိုးတက်ရေး တွန်းအား ယဉ်ကျေးမှုကြီး နှစ်ရပ် ဖြစ်ကြောင်း ဆိုသည်။

တရုတ်-ဥရောပ ဆက်ဆံရေးသည် ဦးတည်မှုနှင့်အမှီအခိုကင်းသလို တတိယတစ်ဖက်သူ၏ ကန့်သတ်မှတ်မှုမရှိကြောင်း ၊ နှစ်ဖက် အပြန်အလှန် လေးစား၊ ဘုံအကျိုးဖြစ်ထွန်းစေမှုပေါ်တွင် အခြေခံသည့် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုက လှုပ်ခတ်နေသည့် ကမ္ဘာ့အခြေအနေအတွက် တည်ငြိမ်ရေး၏ပံ့ပိုးမှုအကြောင်းအရင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချို့အင်အားစုများက တရုတ်-ဥရောပ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုအား မရှုမြင်လို၍ “တရုတ် ခြိမ်းခြောက်မှု”အဆိုကို လုပ်ကြံဖန်တီးပြီး တရုတ်နိုင်ငံအပေါ်ယှဉ်ပြိုင်မှုကိုမြှင့်တင်ကာ “ပြိုင်ဘက်အဖြစ် ဖန်တီး”ချဲ့ကား ပြောဆိုနေသလို ပိတ်ဆို့မှုနှင့်ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်အောင် နိုးဆွလျက်ရှိကြောင်း၊ ထို့အပေါ် တရုတ်-ဥရောပ နှစ်ဖက်စလုံးက အထူးသတိချပ်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်များစွာ မိုးဒဏ်လေဒဏ်ကို ဖြတ်သန်းခဲ့ရာ ခိုင်မာသည့် ပြည်သူ့ဆန္ဒ အခြေခံ၊ ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွား၊ အလားတူသည့်မဟာဗျူဟာလိုအပ်ချက်များ အမြစ်တွယ်လျက်ရှိပြီး ပြောင်းလဲမှုဒဏ်ခံနိုင်စွမ်းနှင့်အလားအလာကြီးမားရာ မည်သည့် အင်အားကမျှ ပြောင်းပြန်လှန်ပစ်၍ မရကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာနှင့်ရေရှည်ရှုထောင့်က တရုတ်-ဥရောပဆက်ဆံရေးကို အစဉ်အမြဲ ရှုမြင်ထားကြောင်း၊ တရုတ်နိုင်ငံ၏ ဥရောပမူဝါဒက တည်ငြိမ်ခိုင်မာမှုရှိရာ အချိန်အခါ၊အကြောင်းအရာ တစ်ရပ်ရပ်ကြောင့် ပြောင်းလဲမည် မဟုတ်ကြောင်း ဝမ်ရိက ဆိုသည်။

မိမိတို့အနေဖြင့် ဥရောပတိုက်၏ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်မှု ဆက်လက်အားပေးထောက်ခံသွားမည် ဖြစ်သလို ဥရောပသမဂ္ဂ စည်းလုံးညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထောက်ခံကြောင်း ၊ တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံအပေါ် ဥရောပတိုက်၏သိမြင်မှုက ပို၍ သီးခြားလွတ်လပ်မှု၊ ဓမ္မဓိဌာန်ကျမှု ဖြစ်တည်လာရန် ၊ လက်တွေ့ကျ၍တက်ကြွသည့် တရုတ်နိုင်ငံမူဝါဒကို လက်ကိုင်ထားဆောင်ရွက်ပြီး စစ်အေးတိုက်ပွဲဖန်တီးမှုကို အတူဆန့်ကျင်ကာ မှန်ကန်သည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ကာကွယ်ထိန်းသိမ်းဖော်ဆောင်ရန် မိမိတို့အနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဥရောပ နှစ်ဖက်စလုံးက တရုတ်-ဥရောပသမဂ္ဂခေါင်းဆောင်များ အစည်းအဝေးစသည့် နိုင်ငံရေးဆွေးနွေးမှုအစီအစဉ်များကို ကောင်းမွန်စွာဆောင်ရွက်ကာ မဟာဗျူဟာချိတ်ဆက်မှု အားဖြည့်ရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ဘက်ပေါင်းစုံညှိနှိုင်းမှု တွန်းအားပေးရေး၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး နက်ရှိုင်းစွာ ဆောင်ရွက်ရေး၊ ကွဲလွဲမှုများကို ကောင်းမွန်စွာ ထိန်းချုပ်စီမံကာ လက်တွဲအတူ ကမ္ဘာအတွက် လက်တွေ့ကောင်းကျိုးများ ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)