(၁၃)ကြိမ်မြောက် တရုတ်နိုင်ငံအမျိုးသားပြည်သူ့လွှတ်တော် (၅)ကြိမ်မြောက် အစည်းအဝေးကို ပြည်သူ့ခန်းမဆောင်တွင် မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ကျင်းပခဲ့သည်။ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခက်ချန်သည် အစည်းအဝေး၌ အစိုးရအလုပ်အစီရင်ခံစာတင်ပြခဲ့ပြီး ယခုနှစ်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမျှော်မှန်းချက် မှတ်တိုင်ကို တင်ပြခဲ့ပါသည်။ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP တန်ဖိုး (၅.၅%)ခန့် တိုးမြှင့်ခြင်း၊ မြို့ပြတွင် အလုပ်အကိုင်အခွင့်အလမ်း သိန်း(၁၁၀)နှင့်အထက် ဖန်တီးပေးခြင်း၊ စစ်တမ်းကောက်ယူထားသော မြို့ပြအလုပ်လက်မဲ့နှုန်းကို တစ်နှစ်ပတ်လုံး(၅.၅%)အတွင်း ထိန်းချုပ်ထားခြင်း၊ နေထိုင်စားသုံးမှုစျေးနှုန်း (၃%)ခန့်မြင့်တက်ခြင်း၊ ပြည်သူ့ဝင်ငွေတိုးမြှင့်မှုနှင့်စီးပွားရေးတိုးမြှင့်မှု အခြေခံအားဖြင့် ထပ်တူကျခြင်း၊ သွင်းကုန်ပို့ကုန်တည်ငြိမ်ကာ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ခြင်း၊ နိုင်ငံတကာဝင်ငွေထွက်ငွေ အခြေခံအားဖြင့် တန်းတူညီမျှခြင်း၊ စားသောက်ကုန်ထွက်နှုန်းကို (၀.၆၅)ထရီလီယံကီလိုဂရမ်နှင့်အထက်တွင် ထိန်းညှိထားခြင်း၊ ဂေဟပတ်ဝန်းကျင်အရည်အသွေး ဆက်လက် ကောင်းမွန်အောင်လုပ်ဆောင်ခြင်းနှင့် အဓိကညစ်ညမ်းစေသည့် အညစ်အကြေးစွန့်ထုတ်မှု ဆက်တိုက်ကျဆင်းခြင်း စသည်တို့ပါဝင်သည်။
(အရင်းအမြစ်-CCTV သတင်း၊ ဘာသာပြန်၊ Yunnan gateway)