ပေကျင်းဆောင်းရာသီမသန်စွမ်းအိုလံပစ်တွင် ယူနန်အားကစားသမား ရန်ဟုန်ချုံမှ ရွှေတံဆိပ်ရရှိ

2022-03-08 19:58:34 |သတင်းအရင်းအမြစ် 云南日报

မတ်လ(၆)ရက်နေ့ကကျင်းပသည့် ပေကျင်းဆောင်းရာသီမသန်စွမ်းအိုလံပစ်ပွဲ လမ်းကြမ်းနှင်းလျှောစီး အမျိုးသမီး တာဝေး (ထိုင်အနေအထား)ပြိုင်ပွဲတွင် ယူနန်ပြည်နယ်အားကစားသမား ရန်ဟုန်ချုံသည် (၄၃)မိနစ် (၆.၇)စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။ ၎င်းသည် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှ ယခုအကြိမ်ဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပွဲတွင် ရရှိသော (၅)ခုမြောက်ရွှေတံဆိပ်ဆုဖြစ်ပါသည်။ ယူနန်အားကစားသမားမှ ရရှိသော ပထမဆုံးသော ဆောင်းရာသီမသန်စွမ်းအိုလံပစ် ရွှေတံဆိပ်ဆုလည်းဖြစ်ပါသည်။

လက်ရှိတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ရွှေတံဆိပ်ဆု(၇)ခု၊ ငွေတံဆိပ်ဆု(၈)ခု၊ ကြေးတံဆိပ်ဆု(၁၀)ခု ဖြင့် ဆောင်းရာသီမသန်စွမ်းအိုလံပစ် ဆုတံဆိပ်အမှတ်စဉ်၏ ပထမနေရာတွင် ရောက်ရှိနေပါသည်။


(အရင်းအမြစ်- ယူနန်နေ့စဉ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)