စစ်ဆောင်ပန်းနားသို့ ယူနန်ဆင်အုပ်စုပြန်လည်ရောက်ရှိပြီး အခြေအနေကောင်းမွန်နေ

2022-03-08 20:00:00 |သတင်းအရင်းအမြစ် 中新网

၂၀၂၁ ခုနှစ်တွင် ယူနန်ရှိတောရိုင်းအာရှဆင်အုပ်စုတစ်စုသည် ၎င်းတို့ကျက်စားနေထိုင်ရာနေရာ စစ်ဆောင်ပန်းနားမှ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကူမင်းမြို့သို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာအနှံအပြားမှ အာရုံစိုက်လာကြသည်။ ထို့နောက် တောရိုင်း အာရှဆင်အုပ်စုကို ဌာနအသီးသီးမှ ကြိုးပမ်းလုပ်ဆောင်မှုဖြင့် ၎င်းတို့အမြဲနေထိုင်ရာသို့ ပြန်လည်ရောက်ရှိစေခဲ့ပါသည်။ (၁၇)လကြာခရီးစဉ်အတွင်း အဆိုပါဆင်အုပ်စုသည် ယူနန်တစ်ဝက်ခန့်ကိုဖြတ်သန်းပြီး ကီလိုမီတာ(၁၃၀၀)ခန့် သွားလာခဲ့ကာ လမ်းခရီးအတွင်း ဆင်ကလေးတစ်ကောင် မွေးဖွားခဲ့သေးသည်။

လက်ရှိ မြောက်ဘက်မှတောင်ဘက်သို့ ပြန်ရောက်လာသော ဆင်အုပ်စုသည် အခြေအနေကောင်းမွန်နေပါသည်။ အာရှဆင်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်စေရန် ဒေသဆိုင်ရာဌာနများမှ ဆင်အုပ်စုကို (၂၄)နာရီ အချိန်နှင့်တပြေးညီ ကြီးကြပ်စောင့်ကြည့်လျက်ရှိပြီး ရွာသူရွာသားများအား ရှောင်ရှားနိုင်ရန် ကြိုတင် သတိပေးခဲ့သည်။ ထို့ပြင် အာရှဆင်အမျိုးသားဉယျာဉ်ကို ၂၀၂၅ ခုနှစ်တွင် အောင်မြင်စွာ တည်ဆောက်နိုင်မည်ဟု မျှော်မှန်းထားပါသည်။

(၂၀)ရာစု (၈၀)ခုနှစ်မှစ၍ ယူနန်ပြည်နယ်အတွင်း လှုပ်ရှားသွားလာနေသော အာရှဆင်အုပ်စုအရေအတွက်သည် အကောင်(၁၅၀)ခန့်မှ ယခုလက်ရှိတွင် အကောင်(၃၀၀)ခန့်အထိ တိုးမြှင့်ခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များမှ ဖော်ပြထားပါသည်။
(အရင်းအမြစ်- chinanews.com.cn၊ ဘာသာပြန်၊ Yunnan gateway)