ယူကရိန်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း ကြီးမားစွာ ဖြစ်ပေါ်လာမှုကို ကာကွယ်တားဆီးရန်အတွက် အဆိုပြုချက် (၆)ရပ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

2022-03-09 19:16:21 |သတင်းအရင်းအမြစ် 新华网

ယူကရိန်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း ကြီးမားစွာ ဖြစ်ပေါ်လာမှုကို ကာကွယ်တားဆီးရန်အတွက် အဆိုပြုချက် (၆)ရပ်ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် အစည်းအဝေးနှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

(၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုသည် ကြားနေ၊ မျှတသည့်အခြေခံမူကို လေးစားလိုက်နာရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုမှ နိုင်ငံရေးအသွင်ပြောင်းခြင်းကို ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း

(၂) ယူကရိန်း၏ရွှေ့ပြောင်းဒုက္ခသည်များကို ဘက်စုံ အာရုံစိုက်ကာ ၎င်းတို့အတွက် ကောင်းမွန်သင့်လျော်သည့် နေရာချထားမှုရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း

(၃) အရပ်သားများကို ထိရောက်စွာ ကာကွယ်ပေးပြီး ယူကရိန်းနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ထပ်မံ မဖြစ်ပွားအောင် ကာကွယ်တားဆီးရမည် ဖြစ်ကြောင်း

(၄) လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆင်ပြေချောမွေ့၊ လုံခြုံစွာ ဆောင်ရွက်နိုင်အောင် အာမခံထားရမည်ဖြစ်ရာ လျင်မြန်မှု၊ လုံခြုံမှု၊ အတားအဆီးကင်းမဲ့သည့် လူသားချင်းစာနာထောက်ထားမှုများ ဝင်ရောက်ခွင့်အတွက် ပံ့ပိုးရမည်ဖြစ်ကြောင်း

(၅) ယူကရိန်းရှိ နိုင်ငံခြားသားများ၏လုံခြုံရေးကို အာမခံရမည်ဖြစ်ကာ ၎င်းတို့ ယူကရိန်းမှ ဘေးကင်းစွာ ထွက်ခွာခွင့်နှင့် နေရပ်နိုင်ငံများသို့ ပြန်သွားနိုင်ရေးအတွက် အကူအညီပေးရမည်ဖြစ်ကြောင်း

(၆) ကုလသမဂ္ဂ၏ ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာတွင် ညှိနှိုင်းဆောင်ရွက်ပေးသည့် အခန်းကဏ္ဍကို ထောက်ခံအားပေးရမည်ဖြစ်သလို ကုလသမဂ္ဂ ယူကရိန်းအကျပ်အတည်း ညှိနှိုင်းရေးမှူး၏လုပ်ငန်းဆောင်တာများကို ထောက်ခံအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများကို ကျော်လွှာနိုင်ရေးတွင် တရုတ်နိုင်ငံက မိမိဆန္ဒအလျောက်ကြိုးပမ်းဆောင်ရွက် သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့သွားမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)