မဟာဗျူဟာတည်ငြိမ်ရေးကို ထိန်းသိမ်းပြီး ခေတ်သစ် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို မပြတ်နက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

2022-03-09 19:17:36 |သတင်းအရင်းအမြစ် 新华网

တရုတ်-ရုရှား ဆက်ဆံရေးအပေါ် မေးမြန်းမှုနှင့်စပ်လျဉ်းပြီး တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် ကပြုလုပ်သည့် အစည်းအဝေးနှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။

ဝမ်ရိက တရုတ်နှင့်ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသလို အပြန်အလှန်အားဖြင့် အရေးအကြီးဆုံး နီးကပ်မှုရှိသည့် အိမ်နီးချင်းနိုင်ငံနှင့်မဟာဗျူဟာ မိတ်ဖက်များလည်း ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။
တရုတ်-ရုရှား ဆက်ဆံရေးသည် ကမ္ဘာတွင် အချက်အချာကျသည့် နှစ်ဖက်ဆက်ဆံရေးများအနက် တစ်ခု အနေဖြင့် တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးဖြစ်စေကြောင်း ၊ ပြီးခဲ့သည်နှစ်က နှစ်နိုင်ငံအတူ《တရုတ်-ရုရှား အိမ်နီးချင်းကောင်း ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီစာချုပ်》ချုပ်ဆိုသည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်လုပ်ဆောင်ခဲ့ကြောင်း၊ နေ့စဉ်နှင့်အမျှ ရှုပ်ထွေးလျက်ရှိလာသည့် နိုင်ငံတကာ မဟာဗျူဟာပတ်ဝန်းကျင်တွင် ယင်းသဘောတူညီချက်သည် ခေတ်အဆက်ဆက်၏ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆော်မှု အတွေးအမြင်များ ဆောင်ကြဉ်းလျက်ရှိရာ တရုတ်-ရုရှား နှစ်နိုင်ငံအတွက်သာမက ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အပြုသဘောဆောင်မှုနှင့်လက်တွေ့ကျသည့် လေ့လာနိုင်ဖွယ်အနက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-ရုရှားဆက်ဆံရေးသည် လွတ်လပ်၍ အမှီအခိုကင်းစွာ ဆုံးဖြတ်နိုင်သည့် တန်ဖိုးရှိရာ မဟာမိတ်ဖွဲ့ခြင်းမရှိ၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိ၊ အခြားတတိယတစ်ဖက်သူအား ဦးတည်မှုမရှိသည့်အပေါ်တွင် အခြေခံ တည်ဆောက်ထားခြင်း ဖြစ်သလို အခြားတတိယတစ်ဖက်သူ၏ နှောက်ယှက်မှုနှင့်ကုန်းတိုက်မှုကိုလည်း ပို၍ ခံယူစရာမရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ၎င်းမှာ သမိုင်းအတွေ့အကြုံ၏အနှစ်ချုပ်ဖြစ်သလို နိုင်ငံတကာဆက်ဆံရေး၏ ဖန်တီးမှုလည်းဖြစ်ကြောင်း၊ မကြာသေးမီက နှစ်နိုင်ငံအတူ ထုတ်ပြန်ခဲ့သည့် ခေတ်သစ်နိုင်ငံတကာဆက်ဆံရေးနှင့်ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တွင် ကမ္ဘာသို့ အတိအလင်း ဖော်ပြပြီးဖြစ်ရာ မိမိတို့အတူ စစ်အေးခေတ်အတွေးအခေါ်နှင့် အယူဝါဒထိပ်တိုက်ရင်ဆိုင်ရေး လှုံ့ဆော်မှုကို ဆန့်ကျင်ပြီး နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေး တွန်းအားပေးရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့်အခြေခံမူကို ထိန်းသိမ်းကာကွယ်ရန် ခံယူထားကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ရှင်းလင်းသည့် သမိုင်းယုတ္တိရှိပြီး အားကောင်းသည့်ပြည်တွင်းအင်အားရှိရာ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးသည် ကျောက်သားသဖွယ် ခိုင်မာပြီး နှစ်ဖက်ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုအလားအလာ ကျယ်ပြန့်ကြောင်း ပြောကြားသည်။ နိုင်ငံတကာအခြေအနေ မည်သို့ပင်ရှိစေ တရုတ်-ရုရှား နှစ်နိုင်ငံသည် မဟာဗျူဟာ တည်ငြိမ်ရေးကို ထိန်းသိမ်းထားမည်ဖြစ်ပြီး ခေတ်သစ်ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို မပြတ် ရှေ့သို့ တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။