တရုတ်၊ အီရန် အကြီးတန်းအရာရှိများ ဗီဒီယိုဆွေးနွေးပွဲပြုလုပ်

2022-03-10 18:40:18 |သတင်းအရင်းအမြစ် 新华网

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာနအကြီးအကဲ Song Tao သည် အီရန်၏ Expediency Discernment ကောင်စီ အတွင်းရေးမှူး Mohammad Bagher Zolghadr နှင့် မတ် ၈ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံ၏ အုပ်ချုပ်မှု အတွေ့အကြုံများ နက်နက်ရှိုင်းရှိုင်း ဖလှယ်ရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရေး စသည့် ခေါင်းစဉ်များ အပေါ် နှစ်ဖက် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ဆက်လက်လုပ်ဆောင်နေသော “အစည်းအဝေးကြီးနှစ်ရပ်” နှင့် ၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး၏ အဓိကအနှစ်သာရအား Song မှ Zolghadr အား အကျဉ်းချုပ်ရှင်းပြခဲ့ကြောင်း သိရသည်။ (Xinhua)