ရုရှားစွမ်းအင် ပိတ်ပင်ကြောင်း ဘိုင်ဒန် ကြေညာ၊ ပြည်သူနှင့်စီးပွားရေးလုပ်ငန်း အားပေးပံ့ပိုးရေးအမိန့် ပူတင် လက်မှတ်ရေးထိုး

2022-03-10 18:41:58 |သတင်းအရင်းအမြစ် 新华网

ရုရှား စွမ်းအင်များကို ပိတ်ဆို့သွားမည်ဖြစ်ပြီး ရုရှားမှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့်ကျောက်မီးသွေး တင်သွင်းခြင်းကို ရပ်တန့်လိုက်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၈ ရက်တွင် ကြေညာလိုက်သည်။ ရုရှား သမ္မတ ပူတင်က ပိတ်ဆို့မှုအခြေအနေရှိ ပြည်သူနှင့်စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးရေးဥပဒေအမိန့်ကို မတ် ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။___ ရုရှား စွမ်းအင်များကို ပိတ်ဆို့သွားမည်ဖြစ်ပြီး ရုရှားမှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့်ကျောက်မီးသွေး တင်သွင်းခြင်းကို ရပ်တန့်လိုက်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၈ ရက်တွင် ကြေညာခဲ့သည်။ ရုရှားစွမ်းအင် ပိတ်ဆို့မှုက အမေရိကန်နိုင်ငံအတွင်း ဓါတ်ဆီဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ပြီး အမေရိကန်လူထု၏ စားဝတ်နေရေးကုန်ကျစရိတ် တိုးလာနိုင်သည်ဟု ယင်းနေ့ အိမ်ဖြူတော်တွင် ၎င်းက ပြောကြားခဲ့သည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများက ဈေးတင်ရောင်းချမှု မလုပ်ဆောင်ကြရန် ဘိုင်ဒန်က သတိပေးခဲ့သည်။

ရုရှား ပါလီမန် အောက်လွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodinက အမေရိကန်၏ ရုရှားပိတ်ဆို့မှု စွမ်းအင်ကဏ္ဍ ပိတ်ပင်မှုအထိ တိုးချဲ့လာခြင်း ရည်ရွယ်ချက်က ဥရောပဈေးကွက်ကို လက်ဦးရန်အတွက် ဖြစ်ရာ ဤလုပ်ရပ်ကြောင့် ဖြစ်လာသည့် နစ်နာမှုကို ဥရောပတိုက်ရှိ စီးပွားရေးလုပ်ငန်းနှင့်လူထုက ခံစားရမည် ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြလိုက်သည်။

___ နှစ်ကုန်မတိုင်မီ ရုရှား ရေနံနှင့်ရေနံထုတ်ကုန် တင်သွင်းမှုကို ရပ်တန့်သွားမည် ဖြစ်ကြောင်း ဗြိတိန် အစိုးရက မတ် ၈ ရက်တွင် ကြေညာလိုက်သည်။ ပြင်သစ်သမ္မတရုံး အယ်လီဇေးနန်းတော်က ရုရှားသဘာဝဓါတ်ငွေ့တင်သွင်းမှုကို ပြင်သစ်က ချက်ချင်း ရပ်တန့်မည်မဟုတ်ကြောင်း ယင်းနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။ ယင်းနေ့မနက် အစောပိုင်းတွင်ပင် ဥရောပသမဂ္ဂက ယခုနှစ် ရုရှားထံမှ တင်သွင်းသည့် သဘာဝဓါတ်ငွေ့ပမာဏကို သုံးပုံ နှစ်ပုံလျှော့ချသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

___ ပြည်ပစီးပွားရေးလှုပ်ရှားမှုကဏ္ဍ အထူးစီမံချက် သမ္မတ အမိန့်တစ်ရပ်ကို ရုရှားသမ္မတ ပူတင်က မတ် ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ရာ ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ အထူးသတ်မှတ်ထားသည့် စားသောက်ကုန်ပစ္စည်းများနှင့်ကုန်ကြမ်းပစ္စည်းများ တင်သွင်း၊တင်ပို့မှုအား တားမြစ်ရန် ညွှန်ကြားခဲ့သည်။ သက်ဆိုင်ရာ စားသောက်ကုန်ပစ္စည်းနှင့်ကုန်ကြမ်းပစ္စည်းစာရင်းကို ရုရှားအစိုးရက အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။ ယင်းနေ့မနက် အစောပိုင်းတွင် ပူတင်က လူမှုစီးပွား စီမံချက်များစွာပါဝင်သည့် ဥပေဒတစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ပိတ်ဆို့မှုအခြေအနေရှိ ပြည်သူနှင့်စီးပွားရေးလုပ်ငန်းများကို အားပေးပံ့ပိုးခဲ့သည်။

___ ကိဗ်၊ Chernihiv၊ Sumy၊ Kharkiv၊ Mariupol နေရာများမှ ထွက်ခွာကြသည့် အရပ်သားများ၏ လူသားချင်းစာနာထောက်ထားမှုစင်္ကြန်အတွက် ရုရှားစစ်တပ်က မော်စကို စံတော်ချိန် မတ် ၉ ရက် ၁၀ နာရီတွင် “ဆိတ်ငြိမ် အနေအထား”ထပ်မံ စတင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။ အရပ်သား ထွက်ခွာရေးအတွက် ရုရှားနှင့်ယူကရိန်း အမြဲဆက်သွယ်မှု ထားရှိသင့်ကြောင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

___ ရုရှား အမျိုးသားကာကွယ်ရေး ကွပ်ကဲမှုဌာန တာဝန်ခံ Mizintsevက ပြီးခဲ့သည့်တစ်ရက်အတွင်း ယူကရိန်းမပါဝင်သည့်အခြေအနေတွင် ရုရှားဘက်က ဒွန်ဘတ်စ်နှင့်အခြားအန္တရာယ်များဒေသများမှ ထွက်ခွာသွားသူ ၅,၀၀၀ ကျော် ရှိကြောင်း မတ် ၈ ရက်တွင် ပြောကြားသည်။ ထို့အပြင် ယူကရိန်းနိုင်ငံသားနှင့်နိုင်ငံခြားသား ၂ သန်းကျော်က ထွက်ခွာခွင့်ပေးရန် ရုရှားဘက်ကို တောင်းဆိုခဲ့ကြောင်း ဆိုသည်။ ယူကရိန်းအမျိုးသားရေးဝါဒီများက ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းဖြင့် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်မှ ရုရှားသို့ ထွက်ခွာလိုသူများအား တားဆီးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

___ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှားစစ်တပ်က ယူကရိန်းစစ်ရေးအခြေခံအဆောက်အအုံရှိ ပစ်မှတ် ၁၅၈ ခုကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက မတ် ၈ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် Igor Konashenkovက အရပ်သားများထွက်ခွာရေးအတွက် ရုရှားစစ်တပ်က ယင်းနေ့ မော်စကိုစံတော်ချိန် ၁၀ နာရီတွင် “ဆိတ်ငြိမ် အနေအထား”ဖြင့် ကိဗ်စသည့် နေရာများမှ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ပေးရန် ကြေညာခဲ့သည်။

___ ယူကရိန်း နိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinform၏ ဖော်ပြချက်များအရ ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchukက မတ် ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် Sumyပြည်နယ်မှ Poltavaပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။ ကိဗ်စံတော်ချိန် မတ် ၈ ရက် ၉ နာရီမှ ၂၁ နာရီအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်လျှောက် “ဆိတ်ငြိမ်သည့်အနေအထား” ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရုရှားနှင့် ဘီလာရုဇ်သို့ ဦးတည်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း ဖွင့်လှစ်ပေးရန် ယူကရိန်းအနေဖြင့် သဘောမတူကြောင်း Vereshchukက ပြောကြားခဲ့သည်။

___ ရုရှားနယ်စပ်ရှိ ယူကရိန်းဓါတ်ခွဲခန်းတွင် ဇီဝလက်နက်အစိတ်အပိုင်း သုတေသနပြုထုတ်လုပ်ခဲ့ကြောင်း၊ ယူကရိန်းဘက်က အလောတကြီး ရှင်းလင်းမှုများပြုလုပ်ထားသည့် အမေရိကန်၏အကူအညီဖြင့် အကောင်အထည်ဖော်သော စစ်ရေးဇီဝကဏ္ဍအစီအစဉ်ခြေရာသက်သေများရရှိထားပြီဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။ ဥပဒေချုပ်နှောင်မှုရှိသည့် ဇီဝလက်နက်တားမြစ်ရေး ပရိုတိုကော စိစစ်အတည်ပြုမှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန်အတွက် ရုရှားက ထောက်ခံကြောင်း Zakharovaက ဆိုသည်။

___ ဂျာမနီဝန်ကြီးချုပ် Olaf Scholzက မတ် ၇ ရက် ညနေပိုင်းတွင် ဗွီဒီယိုဖြင့် အမေရိကန် သမ္မတ ဘိုင်ဒန်၊ ပြင်သစ်သမ္မတ မိုက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် တို့နှင့်အတူ ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ဂျာမနီဖက်ဒရယ်အစိုးရ၏ ယင်းနေ့ညပိုင်း ထုတ်ပြန်ချက်တွင် လေးနိုင်ငံ ခေါင်းဆောင်များက အရပ်သားလုံခြုံရေးကို ဦးထိပ်ထားရမည်ဖြစ်ကြောင်း၊ သံတမန်ရေးနှင့်ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး ကြိုပမ်းမှုများအားလုံး ထောက်ခံသင့်ကြောင်း၊ တစ်ချိန်တည်းတွင် ရုရှားအား ချက်ချင်အပစ်ရပ်၍ အပြည့်အဝ တပ်ဆုတ်ထွက်ခွာရန် နှိုးဆော်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ (Xinhua)