သြစတြေးလျနိုင်ငံတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

2022-03-10 18:45:00 |သတင်းအရင်းအမြစ် 央视财经

သြစတေးလျနိုင်ငံ ဝန်ကြီးချုပ် Scott Morrison သည် လက်ရှိ ရေဘေးသင့်ဒဏ်ကို ပိုမို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဒေသစံတော်ချိန် မတ်လ ၉ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

သတင်းအရ ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စတင်ပြီး သြစတေးလျနိုင်ငံအတွင်း နေရာများစွာ၌ မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သည်။ မတ်လ ၈ ရက်နေ့က ဒေသများစွာတွင် ရုတ်တရက် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခဲ့ခြင်းကြောင့် ယခုအချိန်ထိ အရှေ့ပိုင်းဒေသတွင် ရေဘေးသင့်ဒဏ်ကြောင့် သေဆုံးသူဦးရေသည် ၂၀ ဦး ရောက်ရှိခဲ့ကြောင်း သိရသည်။


(အရင်းအမြစ်၊ CCTV-2 wechat ။ ဘာသာပြန်၊ Yunnan gateway)