အသက် ၃၅ နှစ်အရွယ်တွင် အလုပ်ရှာရခက်ခဲစေသည့် ဖျက်မျဉ်းနှင့်ပတ်သက်သော ဆွေးနွေးချက်များ တရုတ်လူမှုကွန်ရက်တွင် ဆွေးနွေးသူများနေ

2022-03-10 18:46:21 |သတင်းအရင်းအမြစ် 青年报

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် ပြည်လုံးကျွတ်ကိုယ်စားလှယ် ညီလာခံ (၅)ကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ “ကျား၊ မခွဲခြားမှု၊ အသက်အရွယ်ခွဲခြားမှုကို ပြတ်ပြတ်သားသား တားဆီးပြီး ပြင်ပေးကာ လုပ်သားများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားထိပါးခြင်းဆိုင်ရာ ပြဿနာများကို အလေးပေးဖြေရှင်းမည်”ဟု အစိုးရအစီရင်ခံတွင် ရှင်းလင်းပြတ်သားစွာ တင်ပြခဲ့ပါသည်။

အလုပ်အကိုင် ရှာဖွေရာတွင် အချို့သောဌာနများနှင့် ကုမ္ပဏီများသည် အသက်အရွယ် ၃၅ နှစ်အား အလုပ်ခန့်အပ်ခြင်း၏ “အနီရောင်မျဉ်း”အဖြစ် သတ်မှတ်ထားသည်။ အသက် ၃၅ နှစ်အထက်ရောက်ရှိပါက အလုပ်အကိုင်ရရှိမှု အခွင့်အလမ်း နည်းပါးစေခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖြုန်းတီးစေခဲ့သည်။ အဆိုပါအကြောင်းအရာမှာ ယခုနှစ်ကျင်းပသည့် အဆိုပါအစည်းအဝေးကြီးတွင် ဆွေးနွေးခြင်းများသော အကြောင်းအရာ ဖြစ်လာသည်။

(အရင်းအမြစ်၊ လူလယ်သတင်းစာ။ ဘာသာပြန်၊ Yunnan gateway)