မတ်လ(၃)ရက်နေ့တွင် သန့်စင်ပြီးဆီစျေးနှုန်းအသစ် ပြောင်းလဲသတ်မှတ်မှု ထွက်ပေါ်လာပါသည်။ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာအရ 92 RON အောက်တိန်းဆီစျေးနှုန်းသည် တစ်လီတာလျှင် (၀.၂)ယွမ် ((၆၀)ကျပ်ခန့်)၊ 95 RON အောက်တိန်းဆီစျေးနှုန်းသည် တစ်လီတာလျှင် (၀.၂၂)ယွမ် ((၆၆)ကျပ်ခန့်)၊ နံပါတ် ၀ ဒီဇယ်ဆီစျေးနှုန်းသည် တစ်လီတာလျှင် (၀.၂၂)ယွမ် ((၆၆)ကျပ်ခန့်) မြင့်တက်လာကြသည်ကို တွေ့ရပါသည်။ ယခုရက်ပိုင်းတွင် နိုင်ငံတကာရေနံစိမ်းစျေးနှုန်းသည် ရဟတ်ယာဉ်ကဲ့သို့ ဆက်တိုက်မြင့်တက်လျက် ရှိလျက်ရှိရာ Brent ရေနံစိမ်းတစ်စည်လျှင် (၁၃၀)ကန်ဒေါ်လာဝန်းကျင် ရှိနေပြီဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံ၏ သန့်စင်ပြီးဆီစျေးနှုန်းသည် ပိုမိုမြင့်တက်နိုင်သည့် အလားအလာရှိကြောင်း သုံးသပ်ထားပါသည်။
လက်ရှိအခြေအနေအရ စက်သုံးဆီစျေးနှုန်း တဟုန်ထိုးတက်လာသောကြောင့် အမြင့်ဆုံး မျက်နှာကျက်စျေးနှုန်းသို့ ရောက်ရှိလာနိုင်ပါသည်။ 95 RON အောက်တိန်းဆီသည် တစ်လီတာလျှင် (၉)ယွမ်(၂၇၀၀ ကျပ်နှင့်ညီမျှသည်) ခေတ်သို့ အပြည့်အဝ ရောက်ရှိလာပါတော့မည်ဖြစ်သည်။
အရင်းအမြစ်။ ။တရုတ်ကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)