တရုတ်ငွေ ယွမ် သန်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မန်စီရှေးဟောင်းကျေးရွာသည် ခွန်အားအသစ်များ ရှင်သန်လာတော့မည်

2022-03-11 18:58:44 |သတင်းအရင်းအမြစ် 微美芒市

တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ စန်ထိုင်ရှန် တယ်အောင်တိုင်းရင်းသားကျေးရွာအုပ်စု ချူတုန်ကွာ ကျေးရွာတွင် တယ်အောင်တိုင်းရင်းသားတို့၏ ယဥ်ကျေးမှုကို ကောင်းစွာ ထိန်းသိမ်းဆက်ခံဆဲဖြစ်သော ရိုးရာကျေးရွာ တစ်ခုဖြစ်ပေသည်။ တယ်အောင်တိုင်းရင်းသားတို့၏ “ချဉ်သောလက်ဖက်ခြောက်” “ရွှေဂူအက (Shuigu Dance)” “တာ့ဂူတာ့လျန်ကဲ့လှိုင်ဘောင်” ရှေးဟောင်းသီချင်းစသည့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များဖြင့် လူသိများပါသည်။

ယခုရက်ပိုင်းတွင် အဆိုပါကျေးရွာအတွင်း လမ်းမတိုးချဲ့တည်ဆောက်ခြင်း၊ ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် သင်ယူလေ့လာမှုစင်တာ၊ အခွံမာသီးထုတ်လုပ်မှုစက်ရုံ၊ ချဉ်သောလက်ဖက်ခြောက် လက်တွေ့ခံစားမှု စင်တာ၊ ပုံပြင်အကြောင်းအရာစင်္ကြံ၊ ရွှေဂူအက(Shuigu Dance)ရင်ပြင်နှင့်စပ်လျဥ်း၍ စီမံကိန်းများကို ချူတုန်ကွာ ကျေးရွာတွင် အရှိန်မြှင့်ကာ ဖော်ဆောင်လျက်ရှိပါသည်။

မန်စီမြို့သည် ၂၀၂၁ ခုနှစ် ၊ ၂၀၂၂ ခုနှစ်တွင် မန်စီမြို့ စန်ထိုင်ရှန်ကျေးရွာအုပ်စု ချူတုန်ကွာ ကျေးရွာ၏ ထူးခြားသည့် ချဉ်သောလက်ဖက်ခြောက််၊ အခွံမာသီးထုတ်လုပ်ရေးလုပ်ငန်း မြှင့်တင်ခြင်းနှင့် ကျေးရွာခရီးသွားလုပ်ငန်း တစ်ပေါင်းတစ်စည်းတည်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုငွေ တရုတ်ယွမ် ၂၅.၂ သန်း ရှိပြီး အဆိုပါစီမံကိန်းကို သုံးပိုင်းခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။


( အရင်းအမြစ်၊ “သာယာလှပသော မန်စီ”WeChat အကောင့် ။ ဘာသာပြန်၊ Yunnan gateway)