တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲမှု ရက် ၁၀၀ ပြည့်ပြီဖြစ်သည့်အလျောက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်မှုကဏ္ဍ ထင်ရှားလာ

2022-03-14 18:44:32 |သတင်းအရင်းအမြစ် 新华网

လာအိုနိုင်ငံ မြောက်ပိုင်း တရုတ်-လာအိုရထားလမ်း Muangxayရထားဘူတာတွင် ရထားစီးရန် စောင့်ဆိုင်းနေသည့် ခရီးသည်များအား မတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ယခုလ ၁၂ ရက်နေ့သည် တရုတ်-လာအို ရထားလမ်း အပြည့်အဝဖွင့်လှစ်ပြေးဆွဲသည့် ရက် ၁၀၀ ပြည့်မြောက်သောနေ့ ဖြစ်သည်။ယင်းကာလအတွင်း တရုတ်-လာအို ရထားလမ်း လာအိုလမ်းအပိုင်း၏ ခရီးသည်၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စွာ တိုးတက်လာပြီး ဒေသလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်မှုကဏ္ဍ တစ်နေ့တစ်ခြား ထင်ရှားလာခဲ့သည်။

လာအိုနိုင်ငံ မြောက်ပိုင်း တရုတ်-လာအိုရထားလမ်း Muangxayရထားဘူတာတွင် ရထားစီးရန် စောင့်ဆိုင်းနေသည့် ခရီးသည်များအား မတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ မြောက်ပိုင်း တရုတ်-လာအိုရထားလမ်း Muangxayရထားဘူတာအား မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ မြောက်ပိုင်း ကုန်စည်ကူးသန်းရေးအဓိကမြို့နယ် Muangxay၏ မြင်ကွင်းအား မတ် ၉ ရက် တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးတွင် တရုတ်-လာအို ရထားလမ်း ပထမဆုံးအသုတ် ခရီးသည်များအား ကြိုဆိုရန် ပြင်ဆင်နေသည့် လာအိုရထားဝန်ထမ်းများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးတွင် တရုတ်-လာအို ရထားလမ်း ပထမဆုံးအသုတ် ခရီးသည်များအား ကြိုဆိုနေသည့် လာအိုရထားဝန်ထမ်းတစ်ဦးအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ချန်းကျည်ဆန်ရထားမောင်းနှင်မှုအား လေ့လာသင်ယူနေသည့် လာအိုရထားယာဉ်မောင်းအမျိုးသမီးတစ်ဦးအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွန်တိန်နာ ၃၀ ကျော်တင်ဆောင်ထားသည့် တရုတ်-လာအို နိုင်ငံတကာကုန်စည်ရထားတွဲကြီး ကူမင်းမြို့မှ ထွက်ခွာသွားသည်ကို ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံးတစ်စီး ရှောင်နန်ရ ရထားလမ်းပို့ဆောင်ရေးစင်တာမှ ထွက်ခွာသွားသည်ကို မတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရထားလမ်းစတင်ဖွင့်လှစ်လိုက်သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှစပြီး လာအိုရထားလမ်းပိုင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အသုံးပြုလိုမှု များပြားလာကြောင်း တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံလမ်းပိုင်း၏ လာအို-တရုတ် ရထားလမ်း ကုမ္ပဏီမှ သိရသည်။ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေး၏ အကျိုးရလဒ်က လမ်းကြောင်းတစ်လျှောက် ပြည်သူလူထု၏သွားလာရေးကို လွန်စွာ အဆင်ပြေစေခြင်း၊ လမ်းကြောင်းတစ်လျှောက် စီးပွားရေးကို အားကောင်းစေသော ဆွဲတင်မှု ဖြစ်လာခဲ့သည်။

စာရင်းများအရ တရုတ်-လာအို ရထားလမ်းဖွင့်လစ်ပြီးနောက်ပိုင်း ခရီးသည်ပို့ဆောင်ရေး အသုံးပြုလိုမှုများ ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း သိရသည်။ ယခုလ ၁၂ ရက်အထိ တရုတ်-လာအိုရထားလမ်း လာအိုလမ်းအပိုင်းတွင် မောင်းနှင်ပြေးဆွဲသည့် ခရီးသည်တင်ရထားအစီးရေ ၃၆၂ စီး ရှိရာ ပို့ဆောင်ပေးသည့် ခရီးသည် ၁၈၇,၀၀၀ ရှိပြီး ပျမ်းမျှရထားစီးနှင်းမှုရာခိုင်နှုန်း ၆၅.၁ ရာခိုင်နှုန်း ရှိသည်။

“တရုတ်-လာအိုရထားလမ်းကြီး ရှေ့ဆက်ဖွံ့ဖြိုးပြီး လာအိုလူမှုအသိုက်အဝန်းအတွက် ပိုကြီးမားတဲ့ တိုးတက်မှုတွေဆောင်ကြဉ်းပေးမယ်လို့ မျှော်လင့်တယ်”ဟု မီဒီယာလုပ်ငန်းလုပ်ဆောင်နေသူ ဗီယင်ကျန်းမှလာသည့် လာအိုခရီးသည် ခနော်ရီးလ်က ဆိုသည်။ တရုတ်-လာအိုရထားလမ်း ‘လန်ချန်း’ကျည်ဆန်ရထား(Lancang EMU)နှင့် အကြိမ်များစွာ သွားလာပြီးဖြစ်ရာ“ရထားစီးရတာ အဆင်ပြေသလို အချိန်ကုန်လည်း သက်သာတယ်၊ ခရီးသွားအခွင့်အလမ်းတွေပို့ ပွင့်လင်းလာတယ်၊ အနာဂတ်မှာတော့ လာအို-တရုတ် ရထားလမ်း ပိုပြီးကောင်းမွန်လာ၊ ပိုပြီး အဆင်ပြေ ခေတ်မီပါစေလို့ မျှော်လင့်တယ်”ဟု ၎င်းက ဆိုသည်။

ဗီယင်ကျန်း ဘူတာသည် တရုတ်-လာအိုရထားလမ်း လာအိုနိုင်ငံအပိုင်းရှိ အကြီးဆုံး ခရီးသည်ပို့ဆောင်ရေး ဘူတာရုံကြီး ဖြစ်သလို ခရီးသည် သွားလာမှု အများဆုံး ဘူတာဖြစ်ရာ ဖွင့်လှစ်သည်မှ ယနေ့အထိ သယ်ယူပို့ဆောင်ပေးခဲ့သည့် ခရီးသည် စုစုပေါင်း ၇ သောင်းကျော်၊ နေ့စဉ်ပျမ်းမျှ အသွားအလာသူ ခရီးသည် ၇၀၀ ကျော်ရှိကြောင်း သိရသည်။

“ဒီရက်ပေါင်း ၁၀၀ အတွင်းမှာ တရုတ်-လာအို နှစ်နိုင်ငံ ဝန်ထမ်းတွေ အတူတကွ လက်တွဲညီညီ ကြိုးကြိုးပမ်းပမ်း အလုပ်လုပ်လာခဲ့ကြတာ လာအိုဘက်က ဝန်ထမ်းတွေလည်း တာဝန်ကျရာနေရာမှာ သီးခြားရပ်တည် တာဝန်ထမ်းဆောင်နိုင်လာကြတယ်။ ခရီသည်တွေ တစ်သုတ်ပြီးတစ်သုတ် ဗီယင်ကျန်းဘူတာကြီးတွင် လုံခြုံဘေးကင်းစွာ ထွက်ခွာသွားကြ၊ ဆိုက်ရောက်လာကြတယ်။ အပြုံးပန်းဆင်နေတဲ့ ခရီးသည်တွေကို ကြည့်ရတာ အားလုံးအတွက် ကျွန်တော်တို့အလုပ်က အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်”ဟု ဗီယင်ကျန်းဘူတာရုံ အကြီးအကဲ ကျူးရင်ဟုန်က ပြောသည်။

ခရီးသည်ပို့ဆောင်ရေး အသုံးပြုလိုသူများလာသည့်နှင့် တစ်ချိန်တည်းတွင်ပင် တရုတ်-လာအို ရထားလမ်း၏ ကုန်စည်ပို့ဆောင်မှု ပမာဏက မပြတ် မြင့်တက်လာခဲ့သည်။ ယခုလ ၁၂ ရက် အထိ တရုတ် -လာအိုရထားလမ်း လာအိုနိုင်ငံအပိုင်းတါင် စုစုပေါင်း မောင်းနှင်သွားလာသည့် ကုန်စည်ရထား ၄၁၆ စီး ရှိပြီး ၎င်းတို့အနက် နယ်စပ်ဖြတ်ကျော် ရထား ၄၀၈ စီး ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ ပို့ဆောင်သည် ကုန်ပစ္စည်းတန်ချိန် ၉၂,၀၀၀ ၊ လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ဆောင်သည့် ကုန်ပစ္စည်းတန်ချိန် ၁၅၉,၀၀၀ ရှိသည်။

တရုတ်နိုင်ငံသို့ ပို့ဆောင်သည့် ကုန်ပစ္စည်းများသည် အဓိအားဖြင့် သဘာဝရော်ဘာ၊ ဆန်၊ ပီလောပီနံမှုန့်၊ မီးသွေး၊ သံရိုင်းစသည်တို့ဖြစ်ပြီး လာအိုနိုင်ငံသို့ ပို့ဆောင်သည့် ကုန်စည်များတွင် နေ့စဉ်သုံးပစ္စည်း၊ ဓါတ်မြေဩဇာ၊ လျှပ်စစ်စက်ပစ္စည်းစသည့်တို့ပါဝင်ရာ အခြား အအေးထိန်းကွင်းဆက်ထုတ်ကုန်ပစ္စည်းများကိုလည်း လာအိုနိုင်ငံကို ဖြတ်သန်းက ထိုင်းနိုင်ငံသို့ ပို့ဆောင်မှုများရှိကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း မဖွင့်လှစ်သေးခင်က တရုတ်-လာအို နယ်စပ်ဖြတ်ကျော် ကုန်စည်ပစ္စည်းအများစုသည် ကားလမ်းဖြင့်သာ သယ်ယူပို့ဆောင်နိုင်ခဲ့သည်။ သယ်ယူပို့ဆောင်ချိန် အနည်းဆုံး လေး၊ငါး ရက် ရှိပြီး မိုးကြီးခြင်း သို့မဟုတ် လမ်းတွင် အရေးပေါ်အခြေအနေများရှိပါက ၁၀ ရက် သို့မဟုတ် ထို့ထက်ပို၍ပင် ကြာမြင့်မှုများရှိခြင်းကြောင့် ကုန်စည်အရည်အသွေးပြောင်းလဲလွယ်၊ ပျက်စီးလွယ်ခဲ့ရသည်။ တရုတ်-လာအို ရထားလမ်းဖွင့်လှစ်မှုက လာအိုနိုင်ငံရှိ ဘူတာရုံအသီးသီးနှင့် တရုတ်နိုင်ငံ ရထားလမ်းကွန်ရက် ချိတ်ဆက်နိုင်ခဲ့ရာ ကုန်စည်ပို့ဆောင်မှု ဒုတိယနေ့အရောက်ပို့ဆောင်ရေးကို အကောင်အထည် ဖော်ဆောင်နိုင်သလို သယ်ယူပို့ဆောင်စရိတ်သည် ကားလမ်းပို့ဆောင်ရေးနှင့်နှိုင်းယှဉ်ပါက များစွာ လျော့နည်း သက်သာခဲ့သည်။

လာအိုနိုင်ငံတွင် နှစ်ပေါင်း ၁၀ ကျော်ကြာ အခြေစိုက်ထားသည်HaoFeng နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီသည် တရုတ်-လာအို ဖက်စပ်လုပ်ငန်းဖြစ်ရာ လာအိုတွင် တရုတ်-လာအို ကုန်စည်နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကာလကြာရှည် လုပ်ဆောင်ခဲ့သည်။ “ရထားလမ်းဖွင့်လှစ်လိုက်တဲ့အကျိုးရလဒ်က ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆထက်ထမ်းပိုး တိုးတက်လာတာပါပဲ၊ ကုမ္ပဏီတိုးတက်ရေးက အမြန်လမ်းကို စပြီး ခြေလှမ်းနေပြီ”ဟု ယင်းကုမ္ပဏီ ဥက္ကဋ္ဌ ဝမ်လိကျွင့်က ဆိုသည်။

လာအို-တရုတ် ရထားလမ်းကုမ္ပဏီ အထွေထွေမန်နေဂျာ ယွမ်မိန်ဟောင်က “တရုတ်-လာအိုရထားလမ်းကို ကောင်းမွန်စွာ ထိန်းသိမ်း၊ ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ကျွန်တော်တို့ အစွမ်းကုန် ဆောင်ရွက်သွားမှာပါ၊ လာအိုပြည်သူများအတွက် စစ်မှန်တဲ့အကျိုးစီးပွား ဖြစ်ထွန်းအောင်၊ လာအိုနိုင်ငံ၏’ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်ငံသို့ ပြောင်းလဲခြင်း’မဟာဗျူဟာအတွက် အားကောင်းတဲ့ အထောက်အပံ့ဖြစ်အောင် ဆောင်ရွက်သွားမယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)