CPC ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီတို့က မသန်စွမ်းဆောင်းရာသီအိုလံပစ် ပြိုင်ပွဲ အောင်မြင်မှုများအပေါ် တရုတ်ကိုယ်စားလှယ်အဖွဲ့အား ချီးကျူးဂုဏ်ပြု

2022-03-14 18:53:40 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသားအားကစားရုံ၌ မတ် ၄ ရက်တွင် ကျင်းပပြုလုပ်သည့် ပေကျင်း ၂၀၂၂ မသန်စွမ်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ စီတန်းလှည့်လည်နေစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နှင့် တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီတို့က မတ် ၁၃ ရက်တွင် ပြီးဆုံးရန် သတ်မှတ်စီစဉ်ထားသည့် ပေကျင်း ၂၀၂၂ မသန်စွမ်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းများ စွမ်းဆောင်ပေးခဲ့သော တရုတ်ကိုယ်စားလှယ်အဖွဲ့အား သမိုင်းတွင် အကောင်းဆုံး စွမ်းဆောင်ရည် အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

ပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ရွှေတံဆိပ် ၁၈ ဆု ၊ ငွေတံဆိပ်ဆု ၂၀ နှင့် ကြေးတံဆိပ် ၂၃ ဆု ရယူနိုင်ခဲ့ကာ ရွှေတံဆိပ်ဆုအရေအတွက် နှင့် စုစုပေါင်း ဆုတံဆိပ်အရေအတွက် နှစ်မျိုးလုံးတွင် ပထမ အဆင့်အတန်း ရှိခဲ့ပြီး မသန်စွမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုသမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်များ ရရှိခဲ့ကြောင်း သိရသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နှင့် တရုတ်ပြည်သူများအတွက် ဂုဏ်ကျက်သရေ တိုးစေခဲ့ပြီး ပေကျင်း မသန်စွမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပရေးအတွက် အရေးကြီးသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ (Xinhua)