ပေကျင်းဆောင်းရာသီမသန်စွမ်းသူများအိုလံပစ်အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားသို့ ရှီကျင့်ဖိန်တက်ရောက်

2022-03-15 11:30:41 |သတင်းအရင်းအမြစ် CRI

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ညတွင် အမျိုးသား အားကစားကွင်းကြီးတွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် နိုင်ငံတကာ မသန်စွမ်း အိုလံပစ် ကော်မတီဥက္ကဋ္ဌ အန်တရို·ဖာစိန်စ်တို့သည် ယင်းပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။