တရုတ်နိုင်ငံ ဟန်ကျိုးမြို့ရှိ SF Express အမြန်ချောပို့လုပ်ငန်း၏ အမြန်ချောထုပ်အကူးအပြောင်း စခန်းတွင် ဝန်ထမ်း ၄၉ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ချောထုပ်များလုံခြုံစွာ ပို့ဆောင်လက်ခံခြင်းအပေါ် လူမှုကွန်ရက်တွင် အာရုံစူးစိုက်နေ

2022-03-15 11:52:22 |သတင်းအရင်းအမြစ် 新华每日电讯

မတ်လ ၉ ရက်နေ့တွင် တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး အသစ်တိုးခဲ့ပြီး ၎င်းအတည်ပြုလူနာသည် SF Express အမြန်ချောပို့လုပ်ငန်း၏ အမြန်ချောထုပ်အကူးအပြောင်းစခန်းမှ ဝန်ထမ်းဖြစ်သည်။ လက်ရှိတွင် ဟန်ကျိုးမြို့တွင် အတည်ပြုလူနာ ၄၈ ဦး ရှေ့ဆင့်နောက်ဆင့် တိုးလာပြီး အားလုံးသည် ၎င်းအမြန်ချောထုပ်အကူးအပြောင်းစခန်းတွင် အလုပ်လုပ်နေသူများဖြစ်သည်။

ယခုအချိန်ထိ တရုတ်နိုင်ငံတွင် အခြားသောမြို့ပြတွင်လည်း ဟန်ကျိုး SF Express နှင့် ဆက်စပ်သော ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိနေပြီး SF Express က တရုတ်နိုင်ငံအတွင်း စခန်းတစ်ချို့ကို ယာယီပိတ်လိုက်ပြီဖြစ်သည်။

လက်ရှိ အတည်ပြုလူနာများ၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းခြင်းမှတစ်ဆင့် ယခုအကြိမ် ဟန်ကျိုး SF Express နှင့်ဆိုင်သော အတည်ပြုလူနာများ အားလုံးသည် တူညီသော ကူးစက်မှုကွင်းဆက်တွင် ရှိသည်။ အမြန်ချောပို့လုပ်ငန်း၏ စခန်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံပြီးနောက် အချင်းချင်း ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

အမြန်ချောထုပ်များအား လုံခြုံစွာ ပို့ဆောင်လက်ခံခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ အာရုံစူးစိုက်မှုကို ခံရစေပါသည်။ SF Express သည် ရောဂါပိုးတွေ့ပြီးနောက် ချောထုပ်များအား ပိုးသတ်ခြင်းကို ပိုပိုအင်အားတောင့်တင်းစွာဖြင့် ဆောင်ရွက်သည့်အပြင် အဆိုပါရောဂါပိုးတွေ့ရှိသော အကူးအပြောင်းစခန်းတွင် ချောထုပ်ရောက်မရောက်သိရှိနိုင်သော စစ်ဆေးရေးဝန်ဆောင်မှုကို ဖွင့်လှစ်ထားသည်။ လူမှုကွန်ရက်တွင်လည်း ပြည်သူပြည်သားများအား ချောထုပ်များ လုံခြုံစွာ ပေးပို့ခြင်း လက်ခံခြင်း နှင့်ပတ်သက်ပြီး အကြံပြုချက်များ ထုတ်ပြန်ပေးထားသည်။
(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)