တရုတ်နိုင်ငံတွင် လက်ရှိ COVID-19 ရောဂါအတည်ပြုလူနာအသစ်တိုးမှုသည် ကိန်းဂဏန်းမြင့်တက်ခြင်း၏ အစောပိုင်းကာလဖြစ်

2022-03-16 16:00:07 |သတင်းအရင်းအမြစ် 新华网、人民网微博、掌上春城

မတ်လ(၁၄)ရက်တွင် တရုတ်နိုင်ငံရှိ ပြည်နယ်(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဗဟိုအစိုးရတိုက်ရိုက် စီမံအုပ်ချုပ်သောမြို့ပြများ အပါအဝင်) ပေါင်း(၃၁)ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေးတပ် ဖွဲ့တို့မှ COVID-19 ရောဂါအတည်ပြုလူနာသစ်(၃၆၀၂)ဦး ထပ်တိုးခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။ မတ်လ(၁)ရက်နေ့မှစတင်ခဲ့သော တရုတ်နိုင်ငံ၏ ယခုအကြိမ် COVID-19 ရောဂါ ကူးစက်လူနာဦးရေ စုစုပေါင်းသည် တစ်သောင်းကျော် (တရုတ်ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသတို့မပါဝင်)ရှိပြီဖြစ်ပြီး နေရာဒေသအများစု၌ အရေးပေါ်စီမံချက်များ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါသည်။

မတ်လ(၁၃)ရက်နေ့တွင် တရုတ်အမျိုးသားဆေးဝါးကွပ်ကဲရေးဦးစီးဌာန website ၌ Novel Coronavirus Antigen Detection Reagent test kit အမျိုးအစား(၅)မျိုး၏ ထုတ်ကုန်မှတ်ပုံတင် လျှောက်ထားခြင်းကို ခွင့်ပြုခဲ့ကြောင်း ကြေညာခဲ့ပါသည်။ တရုတ်နိုင်ငံစျေးကွက်တွင် လက်ရှိ စုစုပေါင်း Novel Coronavirus Antigen Detection Reagent test kit အမျိုးအစား(၁၀)မျိုးကို ခွင့်ပြုခဲ့ပြီးဖြစ်သည်။ မိမိအိမ်တွင် Novel Coronavirus Antigen Detection Reagent test kit ကို အသုံးပြုရာတွင် အဆင့်(၈)ဆင့်သာလိုအပ်ပြီး (၁၀)မိနစ်ဖြင့် အမြန်ဆုံး အဖြေထွက်နိုင်ကြောင်း သိရပါသည်။ မြို့သူမြို့သားများ၏ Nucleic acid စစ်ဆေးမှုလွယ်ကူစေရန် မတ်လ(၁၃)ရက်နေ့မှစ၍ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ရွေ့လျား Nucleic acid စစ်ဆေးရေးယာဉ်အဖွဲ့ဖြင့် စတင်လုပ်ဆောင် ခဲ့ပြီး အဓိကမြို့တွင်းဧရိယာ၌ အများပြည်သူအတွက် ဝန်ဆောင်‌မှု ပေးလျက်ရှိသည်။ ရွေ့လျား Nucleic acid စစ်ဆေးရေးယာဉ်တိုင်းတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄ ဦးမှ ၆ ဦးထိပါရှိပြီး အထွေထွေ ကာကွယ်မှုနှင့် နမူနာယူရန်ပစ္စည်းများ ပါရှိသည့်အပြင် လက်ကိုင် နျူကလိစ်အက်ဆစ်အချက်အလက် စုစည်းရေးစက်တစ်ခုလည်း ပါရှိသည်။ အများပြည်သူသည် မိမိအိမ်ရှေ့တွင် စစ်ဆေးမှုရရှိနိုင်ပြီး ပုံသေစစ်ဆေးနေရာတွင် တန်းစီရသည့် အခြေအနေကို ထိရောက်စွာ လျော့နည်းစေနိုင်ပါသည်။


( အရင်းအမြစ်၊ Xinhua ၊ people.cn၊ kmzscc.com၊ ဘာသာပြန်၊ Yunnan gateway)