ဖူးအော်တွင်“လူနှင့်ဆင် ငြိမ်းချမ်းစွာဆက်ဆံရေး ဥပဒေရေးရာဝန်ဆောင်မှုစခန်း” ဆိုင်းဘုတ်တင်

2022-03-16 16:03:33 |သတင်းအရင်းအမြစ် 云南日报

လတ်တလောတွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော “လူနှင့်ဆင် ငြိမ်းချမ်းစွာဆက်ဆံရေး ဥပဒေရေးရာဝန်ဆောင်မှုစခန်း” ကို ယူနန်ပြည်နယ်ဖူးအော်မြို့ရှိ အာရှဆင်မွေးမြူရေးစင်တာတွင် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့ပါသည်။

“လူနှင့်ဆင် ငြိမ်းချမ်းစွာဆက်ဆံရေး ဥပဒေရေးရာဝန်ဆောင်မှုစခန်း”တွင် အစိုးရဌာနများမှ ပူးပေါင်းပြီး သတင်းအချက်အလက် အတူမျှဝေခြင်းနှင့် အတူတည်ဆောက် အတူထိန်းသိမ်းခြင်းကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အတူ စီးမောင်ဇုန်တရားရုံးသည် အာမခံလုပ်ငန်းအသင်းနှင့်အတူ တောရိုင်းတိရစ္ဆာန်ကြောင့် ထိခိုက်မှုအာမခံထားငွေထုတ်ပေးမှုလုပ်ငန်းအား ရေရှည်ထိရောက်မှုရှိသော နည်းစနစ်ကျင့်သုံးရန် စူးစမ်းလေ့လာ ညှိနှိုင်းတည်ထောင်မည် ဖြစ်ပါသည်။ အာရှဆင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းအတွက် တရားစီရင်မှုအင်အား ပိုမိုထောက်ပံ့ပေးမည်ဖြစ်သည်။
(အရင်းအမြစ်၊ ယူနန်နေ့စဉ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)