ယူနန်၏ သစ်သီးများနှင့် အခွံမာသီးများ ပြည်ပတင်ပို့ရောင်းချခြင်းပမာဏသည် တရုတ်နိုင်ငံအတွင်း ပထမနေရာတွင် တည်ရှိ

2022-03-17 10:29:29 |သတင်းအရင်းအမြစ် 云南网

၂၀၂၁ ခုနှစ်တွင် ယူနန်ပြည်နယ်၏ သစ်သီးများနှင့် အခွံမာသီးများ ပြည်ပတင်ပို့ရောင်းချခြင်း ပမာဏသည် တန်ချိန် ၁.၀၇၉ သန်း ရောက်ရှိပြီး တရုတ်နိုင်ငံအတွင်း ပထမနေရာ ရပ်တည်နေသည်။ ကမ္ဘာ့တစ်ဝန်း နိုင်ငံနှင့်ဒေသ ၄၀ ကျော်သို့ တင်ပို့ပြီး စုစုပေါင်းတန်ဖိုးသည် တရုတ်ငွေယွမ် ၁၂.၁ ဘီလီယံ (ဒေါ်လာ ၁.၉၀၈ ဘီလီယံခန့်) ရှိသည်။

ပထဝီတည်နေရာနှင့် ရာသီဥတုအခြေအနေတို့ကြောင့် ယူနန်ပြည်နယ်၏ သစ်သီးအမျိုးအစားသည် ပေါကြွယ်လှပြီး အရည်အသွေးလည်း ကောင်းမွန်သည်။ ယူနန်တစ်ပြည်လုံးထွက် သစ်သီးများသည် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး လိမ္မော်သီး၊ စပျစ်သီးနှင့် ပန်းသီးစသည့်သစ်သီးများသည် ပြည်ပစျေးကွက်တွင် လူကြိုက်များနေသည်။
(အရင်းအမြစ်၊ Yunnan.cn ၊ ဘာသာပြန်၊ Yunnan gateway)