တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအား ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများကို အပြည့်အဝရှင်းလင်းရန် တောင်းဆို

2022-03-17 10:59:16 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ်(ဆင်ဟွာ)

 

အမေရိကန်နိုင်ငံအနေဖြင့် ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ မခြွင်းမချန်ရှင်းလင်းပေးရေး နှင့် တာဝန်သိသိ လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံအနေဖြင့် ဇီဝဗေဒလက်နက်များ သဘောတူညီချက် စီစစ်အတည်ပြုခြင်းစနစ် ထူထောင်မှုအား ပိတ်ဆို့ဟန့်တားသည့် သီးခြားရပ်တည်နေခြင်းမှ ရပ်တန့်သင့်ကြောင်း နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်.
“ဒါက အမေရိကန်နိုင်ငံရဲ့နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ပြည့်စုံစေဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ဇီဝလုံခြုံရေးကို အားကောင်းလာဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနိုင်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

လူသေစေနိုင်သော ရောဂါပိုးမွှားများ ထိန်းသိမ်းထားသည့် ယူကရိန်းနိုင်ငံရှိ ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများအား အမေရိကန်နိုင်ငံ၏ ပူးပေါင်းပါဝင်မှု နှင့် ငွေကြေးထောက်ပံ့ခြင်းတို့နှင့် ပတ်သက်၍ ထုတ်ဖော်ပြီးသားဖြစ်သော သတင်းအချက်အလက်များအား ကိုးကား၍ “ယူကရိန်းနိုင်ငံမှာ ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုတွေက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘုံစိုးရိမ်မှု ဖြစ်ပါတယ်။”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ပွင့်လင်းမြင်သာမှုရှိရန် အမြဲတမ်း ပြောဆိုနေခဲ့ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။”တကယ်လို့ စိုးရိမ်မှုတွေက အမှန်တကယ် မဟုတ်မမှန်သတင်း ဖြစ်တယ်ဆိုရင် ဘာကြောင့် သူတို့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အမေရိကန်နိုင်ငံက အသေးစိတ်အချက်အလက်ကုန်ကြမ်းတွေကို မထုတ်ပြန်ရတာလဲ။”ဟု ပြောကြားခဲ့သည်။

အခြားမေးခွန်းများနှင့်အတူ ဖြေကြားစဉ် ကျောက်လိကျန်းက အမေရိကန်နိုင်ငံသည် ဇီဝဓာတ်ခွဲခန်းများအတွက် ဒေါ်လာ သန်း ၂၀၀ ငွေကြေးထောက်ပံ့မှုအား မည်သို့သုံးစွဲခဲ့ပါသနည်း ၊ ရောဂါဖြစ်ပွားစေသော ပစ္စည်းများအပေါ် စီမံခန့်ခွဲရာ၌ မည်သို့သော သုတေသနအမျိုးအစားပါလဲ ၊ နိုင်ငံတကာ ကျွမ်းကျင်သူများက လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုများအတွက် ဇီဝဓာတ်ခွဲခန်းများအား ဖွင့်ဟရန် အဘယ်ကြောင့် ငြင်းဆိုရသနည်းဟု မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

“အခုထိတော့ အမေရိကန်နိုင်ငံရဲ့ တုံ့ပြန်မှုတွေက ရှေ့နောက်မညီဘဲနဲ့ ရှုပ်ပွေနေပါတယ်။”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာအောင် အမေရိကန်နိုင်ငံသည် အခြားသူများအား မဆိုင်းမတွလက်ညိုးထိုးခဲ့သလို လိုက်နာမှုမရှိဟူ၍လည်း အခြားသူများအပေါ် စွပ်စွဲမှုပြုလုပ်ကြောင်း ကျောက်က ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် စိစစ်အတည်ပြုခြင်းအား လက်ခံသင့်သလို ပိတ်ဆို့အရေးယူမှုများ နှင့် စစ်ရေးဆောင်ရွက်မှုများကိုပါ ကျင့်သုံးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံကိုယ်တိုင် ဖြစ်လာသည့်အခါတွင် စိစစ်အတည်ပြုခြင်းအား ငြင်းဆိုပြီး အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားရန် ကြိုးစားနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ဒါဟာ စံနှုန်းနှစ်ရပ်ထား ပြုမူကျင့်သုံးခြင်း ဖြစ်ပါတယ်။အဲဒီအပြင် အမေရိကန်နိုင်ငံရဲ့ အများယုံကြည်လက်ခံနိုင်မှုကို ထောက်ဆရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် အရမ်းခက်ခဲပါတယ်။”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)