တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ၊ ရွေးကောက်ခံသမ္မတတို့နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

2022-03-18 16:54:41 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Gurbanguly Berdimuhamedov နှင့် ရွေးကောက်ခံသမ္မတ Serdar Berdimuhamedov တို့နှင့် မတ် ၁၆ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှီက တာ့ခ်မင်နစ္စတန်သမ္မတရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း၊ ထို့ပြင် Serdar Berdimuhamedov ကိုလည်း သမ္မတအဖြစ် ရွေးကောက်ခံရခြင်းအတွက် ဂုဏ်ပြုကြောင်းနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံအား အားကောင်းသောနိုင်ငံတစ်နိုင်ငံ၏ ခေတ်သစ်ပြန်လည်နိုးထရေး၌ သစ်လွင်၍ ပိုမိုကြီးမားသော အောင်မြင်မှုရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။

တရုတ်-တာ့ခ်မင်နစ္စတန် ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးနှင့် နယ်ပယ်စုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် သမိုင်းကြောင်းတွင် အဆင့်မြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်-တာ့ခ်မင်နစ္စတန် ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးမူဝါဒများကို အခိုင်အမာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် တာ့ခ်မင်နစ္စတန်၏ ပြည်တွင်းရေးတွင် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့်အတူ ယခင်က အောင်မြင်မှုများအပေါ် တည်ဆောက်သွားရန် နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့်အတူ ရှေ့ဆက်သွားရန် အသင့်ရှိကြောင်း၊ သို့မှသာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်များသို့ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကြား ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုကို ပိုမိုနီးကပ်စွာ ပူးတွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်-တာ့ခ်မင်နစ္စတန် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ရိုးသားသော ချစ်ကြည်ရင်းနှီးမှု၏ အဆင့်မြင့်မားမှုကို အပြည့်အဝရောင်ပြန်ဟပ်လျက်ရှိကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံကြား ငါးနှစ်တာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းစီမံကိန်းမှာ လာမည့်ကာလအတွင်း နှစ်နိုင်ငံကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံတစ်ရပ် ရေးဆွဲခဲ့ခြင်းလည်းဖြစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကနယ်ပယ်များနှင့် ဦးစားပေးမှုများကို ခွဲခြားခဲ့ကြောင်း ရှီက ဆိုသည်။

ထို့ပြင် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်သွားသင့်ကြောင်း၊ မဟာပိုးလမ်းမကြီး ပြန်လည်နိုးကြွလန်းဆန်းလာစေရန် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် နှင့် တာ့ခ်မင်နစ္စတန်၏ ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာတို့အကြား ချိန်ညှိမှုအားကောင်းလာစေမည်ဖြစ်ကြောင်း၊ သို့မှသာ အပြန်အလှန် အကျိုးအမြတ်ရှိသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုကြီးထွားလာရန်၊ တိုးတက်မှုအသစ် ပိုမိုရရှိရန်နှင့် နှစ်နိုင်ငံကြား ကြွယ်ဝချမ်းသာမှု မြှင့်တင်ရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများသည် ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်ဖြစ်နေကြောင်း ရှီက မှတ်ချက်ပြုပြောကြားလျက် နှစ်နိုင်ငံလုံးအနေဖြင့် အချိန်မီ ဆက်သွယ်မှု ထိန်းသိမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှု နီးကပ်ရေးနှင့် အဓိက ကိစ္စရပ်များ၌ အပြန်အလှန် ပံ့ပိုးကူညီရေးနှင့် နိုင်ငံပေါင်းစုံဝါဒကို လက်ကိုင်ပြုရေးနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ မျှတမှုနှင့် တရားမျှတမှု၏ ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ရာတွင် အထောက်အကူပြုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

Gurbanguly Berdimuhamedov နှင့် Serdar Berdimuhamedov တို့ကလည်း မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိခဲ့သော အောင်မြင်မှုများကို ချီးကျူးပြောကြားခဲ့ကြသည်။

တာ့ခ်မင်နစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒကို အခိုင်အမာ ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်းနှင့် နယ်ပယ်အသီးသီးတွင် ဘက်စုံလက်တွေ့ ပူးပေါင်းဆောင်ရွက်မှုအား တက်ကြွစွာမြှင့်တင်ရန် တရုတ်နိုင်ငံနှင့် ပူးတွဲကြိုးပမ်းအားထုတ်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာ့ခ်မင်နစ္စတန်-တရုတ် ဆက်ဆံရေးအား နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးရရှိစေမည့် ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုမြင်တွေ့ရမည်ဖြစ်ကြောင် ၎င်းတို့က ဆိုသည်။ (Xinhua)