တရုတ်လူငယ်များသည် “စက်ရုံ”မှ အမှန်တကယ် ထွက်ပြေးချင်သသား

2022-03-18 17:05:57 |သတင်းအရင်းအမြစ် 新华网

တိုက်ရိုက်ထုတ်လွှင့်မှုများ ဆောင်ရွက်ခြင်း၊ အွန်လိုင်းကားမောင်းခြင်း အပါအဝင် ဒစ်ဂျစ်တယ် စီးပွား ရေး၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့်အညီ လိုက်လျောညီထွေမှုရှိသည့် လွတ်လပ်သော အလုပ်အကိုင် ရွေးချယ်ဝင်ရောက်လုပ်ကိုင်ခြင်းသည် ယခုခေတ်ကာလ၏ လူငယ်များအတွက် အသက် မွေးဝမ်း ကျောင်းဆိုင်ရာ လမ်းသစ်တစ်ခုဖြစ်လာသည်။ သက်ဆိုင်ရာကိန်းဂဏန်းအချက်အလက်များအရ လက်ရှိတွင် တရုတ်နိုင်ငံအတွင်း လွတ်လပ်သော အလုပ်အကိုင် ဝင်ရောက်လုပ်ကိုင်သော ဦးရေသည် စုစုပေါင်းအလုပ်လုပ်ကိုင်သူများ၏ ၄ ပုံ ၁ ပုံ ကျော်သွားပြီဖြစ်ပြီး ၎င်းအနက် အများအပြားသည် စက်ရုံမှထွက်ပြေးလာကြသောလူများ ဖြစ်သည်။

တရုတ်နိုင်ငံ လူစွမ်းအားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အချက်အလက်အရ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်တွင် တရုတ်တစ်နိုင်ငံလုံး အလုပ်အကိုင်ရှားပါးမှု အများဆုံး အလုပ်အကိုင် များအနက် ၅၈ ခုသည် ကုန်ထုတ်လုပ်ရေးနှင့်သက်ဆိုင်သော လုပ်ငန်းများဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အဓိက ကုန်ထုတ်လုပ်ရေးနယ်ပယ် ၁၀ ခုအတွင်း လူစွမ်းအား ရှားပါးမှုပမာဏသည် လူဦးရေ သန်း ၃၀ ခန့်ထိ ရောက်ရှိနိုင်မည်ဖြစ်ပြီး ရှားပါးမှုနှုန်းသည် ၄၈% အထိ မြင့်မားလာ မည်ဖြစ်သည်။

Blue-collar worker ကော်လာပြာအလုပ်သမားများ ရှားပါးမှုသည် ကုမ္ပဏီအချို့အတွက် စိုးရိမ်စရာဖြစ်လာပြီး အရေးပေါ် ဖြေရှင်းရမည့် အခက်အခဲ တစ်ခုဖြစ်သည်။ စက်မှုလုပ်ငန်း၏ ဆွဲဆောင်မှုကို တိုးမြင့်ခြင်းက ယခုပြဿနာဖြေရှင်းရမည့် သော့ချက်ဖြစ်ကြောင်း၊ အခွင့်အရေး နှင့်အကျိုးစီးပွားကို အာမခံပြီး ကာကွယ်ပေးခြင်း၊ လုပ်ငန်းစနစ် ပိုမိုပြည့်စုံ ကောင်းမွန်စေခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ၊ အလုပ်အကိုင်တွင်ကျယ်မှု စသည့်ကဏ္ဍများမှ စတင်၍ အသွင် ပြောင်းဆောင်ရွက်သင့်ကြောင်း၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းကို အဆင့်မြှင့်တင်ပြီး ပိုမိုများပြားသော လူငယ်များအား ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ရွေးချယ်စေမည် ဖြစ်ကြောင်း တရုတ်အလုပ်အကိုင်ရှာဖွေရေး သုတေသနဌာန ဌာနမှူး ကျင်းရှမ်းချွန်မှ အကြံပြုထား သည်။
(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)