ယူနန်ပြည်နယ် ရွှေလီမြို့တွင် ရွေ့လျား နျူကလိအက်ဆစ်စစ်ဆေးရေးယာဉ် ၆ စီး အသစ်တိုး

2022-03-18 17:47:44 |သတင်းအရင်းအမြစ် 瑞丽市融媒体中心

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်အတွင်း ၎င်း၏ပြည်နယ်ခွဲနှင့် မြို့ပြမှ စေလွှတ်သည့် ရွေ့လျား နျူကလိအက်ဆစ်စစ်ဆေးရေးယာဥ် ၆ စီးအား ရွှေလီမြို့၌ တရားဝင် အသုံးပြုခဲ့ပြီး ရွှေလီမြို့၏ နျူကလိအက်ဆစ်စစ်ဆေးမှုစွမ်းရည်ကိုထပ်ဆင့် မြှင့်တင်စေကာ အများပြည်သူအား နျူကလိအက်ဆစ်စစ်ဆေးပေးသော စွမ်းဆောင်ရည်သည်လည်း မြင့်တက်လာစေပါသည်။ သိပ္ပံနည်းကျ အစီအမံများသည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကို တိကျမှန်ကန်စွာ သုံးသပ်ဆုံးဖြတ်ရန်နှင့် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များချမှတ်ရန် ကောင်းမွန်သော အထောက်အပံ့ ဖြစ်စေသည်။

ရွေ့လျား နျူကလိအက်ဆစ်စစ်ဆေးရေးယာဥ် ၆ စီးတွင် နျူကလိအက်ဆစ်စစ်ဆေးမှုကိရိယာဖြစ်သော PCR စက်ကိရိယာ ၁၀ ခု ပါရှိပြီး တစ်နေ့လျှင် အများဆုံး စစ်ဆေးမှုပမာဏမှာ ၇၀၀၀ ခု ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါယာဥ်များ ပေါင်းစည်းမှုမှတစ်ဆင့် ကိုဗစ်-၁၉ ကပ်ရောဂါ စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း၊ နမူနာပြင်ဆင်မှုစခန်း၊ ချဲ့ထွင်မှုသုံးသပ်ရေးစခန်းနှင့် ပိုးသတ်စခန်းဟူသော ဧရိယာ ၄ ခု၏ အခင်းအကျင်းကို ဆောင်ရွက်ထားပြီး ပုံသေ နျူကလိအက်ဆစ်စစ်ဆေးရေးဓာတ်ခွဲခန်းတစ်ခုနှင့် ညီမျှပါသည်။

( အရင်းအမြစ်၊ ရွှေလီမြို့ မီဒီယာစင်တာ။ ဘာသာပြန်၊ Yunnan gateway)