ဆေးဝါးကျွမ်းကျင်ပညာရှင်များသည် လယ်ယာမြေများထိတိုင် သွားရောက်ပြီး နျူကလီအက်စစ် (nucleic acid)နမူနာရယူလျက်ရှိ

2022-03-21 17:14:51 |သတင်းအရင်းအမြစ် 新华社

(ပုံ၊ ယဥ်ကျင့်ရှင်း)

ယခုရက်ပိုင်း တရုတ်လူမှုကွန်ရက်တွင် ဆေးဝါးကျွမ်းကျင်ပညာရှင်များက လယ်သမား ဦးလေးတစ်ဦးအား နျူကလီအက်စစ်နမူနာယူနေသော ဓာတ်ပုံတစ်ပုံသည် ရေပန်းစားလျက်ရှိသည်။ အဆိုပါပုံမှာ ထူထဲသော အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆေးဝါးကျွမ်းကျင်ပညာရှင်သည် ဒူးကွေးပြီး စိုက်ပျိုးရေးကိရိယာ ကိုင်ဆောင်ထားသော လယ်သမားဦးလေးတစ်ဦးအား နျူကလီအက်စစ်နမူနာရယူနေသော ဓာတ်ပုံဖြစ်သည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များသည် စေတနာထက်သန်စွာဖြင့် လုပ်ဆောင်သကဲ့သို့ ဦးလေးသည်လည်း လေးနက်စွာခံယူကာ “အား၊ အား”ဟူသောအော်သံနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

(ပုံ၊ ယဥ်ကျင့်ရှင်း)

၎င်းဦးလေးသည် အနီးဝန်းကျင်ရွာမှ ရွာသားတစ်ဦးဖြစ်ပြီး ဆေးဝါးကျွမ်းကျင်ပညာရှင်များ နျူကလီအက်စစ်နမူနာယူချိန်တွင် သူသည် အိမ်၌ရှိမနေဘဲ လယ်ယာမြေသို့ ရောက်နေခဲ့သည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များက သူသည် အသက်ကြီးပြီး အသွားအလာအဆင်မပြေခြင်းကို သိရှိသောကြောင့် လယ်ယာမြေသို့တိုင် သွားရောက်ကာ နမူနာရယူပေးခဲ့သည်။

(ပုံ၊ ယဥ်ကျင့်ရှင်း)

အွန်လိုင်းတွင် အချို့သောသူများသည် ၎င်းပုံအောက်တွင် “အလုပ်အပေါ် အရမ်းစေတနာထားတယ်၊ ကြည့်လိုက်စမ်းပါဦး၊ လယ်ယာမြေအထိကို လိုက်သွားတယ်”ဟု ချီးကျူးခဲ့သည်။

(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)