ယူနန်ကော်ဖီစေ့၏ ဈေးနှုန်းသည် ၁၀ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

2022-03-21 17:21:36 |သတင်းအရင်းအမြစ် 新华网

မတ်လ ၁၄ ရက်နေ့တွင် နယူးယောက်၏ သတ်မှတ်ရက်တွင် အပ်ရမည့်ကော်ဖီ၏ စျေးနှုန်းသည် တစ်ပေါင်လျှင် ၂.၂၃ ဒေါ်လာ ရောက်ရှိပြီး ယူနန်ထွက် Nescafe ကော်ဖီ၏ စျေးနှုန်းသည် တစ်ကီလိုဂရမ် တရုတ်ငွေ ၃၅ ယွမ် ရောက်ရှိကာ ၁၀ နှစ်အတွင်း အမြင့်ဆုံးနေရာရောက်ရှိနေကြောင်း သတင်းအရ သိရပါသည်။

Nescafe ကော်ဖီ၏ စျေးနှုန်း ၃၅ ယွမ် ရောက်ရှိနေသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် အလားတူကာလရှိ စျေးနှုန်းထက် အဆ များစွာ မြင့်တက်ခဲ့သည်။

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အကြီးမားဆုံးကော်ဖီထွက်ရာနေရာဖြစ်ပြီး ယခုအချိန်တွင် ကော်ဖီစိုက်ပျိုးရေးအကျယ်အဝန်းသည် ဟက်တာ ၉ သောင်း ၂ ထောင် ရှိကာ နေ့စဥ် တန်ချိန် တစ်သိန်းလေးသောင်း ထွက်ရှိသည်။


(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)