China Eastern ခရီးသည်တင်လေယာဉ် မတော်တဆပျက်ကျခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော်လည်း မြေပြင်အနေအထားကြောင့် အခက်အခဲရှိနေ

2022-03-22 18:53:55 |သတင်းအရင်းအမြစ် 央视网、新华网

တရုတ်စံတော်ချိန် မတ်လ ၂၁ ရက်နေ့ ၁၄ နာရီ ၃၈ မိနစ်တွင် China Eastern လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဥ် MU ၅၇၃၅ သည် ကွမ်ရှီးဒေသ ထိန်းခရိုင်တွင် ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ပျက်ကျခဲ့သည်။ ၎င်းလေယာဥ်တွင် ခရီးသည် ၁၂၃ ဦး၊ လေယာဥ်ဝန်ထမ်း ၉ ဦးပါဝင်သည်။

လေယာဥ် ပျက်ကျရာနေရာသည် ချိုင့်ဝှမ်းငယ်တစ်ခုဖြစ်သောကြောင့် အကြီးစား စက်ကိရိယာများ ဝင်ရောက်ရန် ခက်ခဲ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ လူ့အသက်ဆုံးရှုံးမှုနှင့် ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးပေ။ ကွမ်ရှီးဒေသမိုးလေဝသဌာနများ၏ ကြိုတင်ခန့်မှန်းချက်အရ၊ ယနေ့တွင် ထိန်ခရိုင်၌ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အမှန်တကယ်မိုးသည်းထန်ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း သိရသည်။


(အရင်းအမြစ်၊ CCTV၊ ဘာသာပြန်၊ Yunnan gateway)