မတ်လ ၁၈ ရက်နေ့တွင် အန္တာတိကတိုက်ရှိ စူးစမ်းလေ့လာရေးစခန်းအသီးသီးသည် စံချိန်တင်မြင့်မားသော အပူချိန်ကို တိုင်းတာရရှိခဲ့သည်။ ၎င်းအနက် Concordia စုံစမ်းစစ်ဆေးရေးစခန်းသည် အပူချိန် -၁၁.၅℃ တိုင်းတာရရှိပြီး လွန်ခဲ့သောနှစ်အလားတူကာလထက် ၄၀℃ ပိုမိုမြင့်မားခဲ့သည်။
ထို့ပြင် The Associated Press ၏ သတင်းအရ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသ၏ အချို့သော နေရာ၌ မတ်လလယ်တွင် အပူချိန်သည် အလားတူကာလထက် ၃၀℃ ပိုမိုမြင့်မားလာပြီး အချို့သောနေရာတွင် ရေခဲမှတ် ၀℃ နှင့် နီးကပ်နေသည်။
(အရင်းအမြစ်၊ CCTV-2 ၊ ဘာသာပြန်၊ Yunnan gateway)