ယူနန်တယ်ဟုန် လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် တည်ဆောက်ရေးသည် မြစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေ

2022-03-22 19:10:36 |သတင်းအရင်းအမြစ် 云南网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ တောင်ပိုင်း လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ကုမ္ပဏီလီမိတက် (China Southern Power Grid Company Limited)၏ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ လျှပ်စစ်ဓာတ်အားလိုင်းညွှန်ကြားရေးဌာနမှ တည်ဆောက်သော ၂၂၀ kV လုံချွမ်းခရိုင် ဓာတ်အားပို့လွှတ်ခြင်းနှင့် အသွင်ပြောင်းခြင်း စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တည်ဆောက်ရေးစီမံကိန်း၏ ပထမဆုံး အုတ်မြစ်ချရန် အခြေခံ ရှေ့ပြေးလုပ်ငန်းကို လုံချွမ်းခရိုင် ကျင့်ဟန်မြို့နယ်တွင် အောင်မြင်စွာ စတင်လိုက်ရာ အဆိုပါစီမံကိန်းတည်ဆောက်ရေးသည် လုံချွမ်း၊ ရွှေလီစသည့်ဒေသ၏ လျှပ်စစ်ဓာတ်အားပေးခြင်း စွမ်းရည်ကို များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ထို့အတူ ယူနန်ပြည်နယ် လျှပ်စစ်ဓာတ်အားလိုင်းညွှန်ကြားရေးဌာနသည် တယ်ဟုန် ပြည်နယ်ခွဲတွင် ၂၂၀ kV လုံချွမ်းခရိုင် ဓာတ်အားပို့လွှတ်ခြင်းနှင့် အသွင်ပြောင်းခြင်း စီမံကိန်း၊ ၅၀၀ kV တယ်ဟုန်-လန်ချန် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းစသည့် စီမံကိန်းများ တည်ဆောက်သွားမည် ဖြစ်ပြီး ဘက်ပေါင်းစုံမှနေ၍ ဒေသတွင်း မြစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးမည် ဖြစ်ပါသည်။


( အရင်းအမြစ်၊ YUNNAN.CN။ ဘာသာပြန်၊ Yunnan gateway)