ရုရှား-ယူကရိန်း စစ်သုံ့ပန်း ပထမဆုံးအကြိမ် လဲလှယ်၊ ရုရှားနှင့်စေ့စပ်ညှိနှိုင်းမှု ”စေ့စပ်လိုက်လျောမှု ပုံစံ” လူထုဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်မည်ဟု ယူကရိန်း သမ္မတ ဆို

2022-03-23 19:17:39 |သတင်းအရင်းအမြစ် 新华网

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ပြတင်းပေါက်အကာ ပလက်စတစ်များယူဆောင်နေသည်ကို မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှား-ယူကရိန်း နှစ်ဖက်အကြား ပထမဆုံးအကြိမ် စစ်သုံ့ပန်းလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားအရာရှိတစ်ဦးက မတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှားနှင့်စေ့စပ်ညှိနှိုင်းမှု “လိုက်လျောမည့်ပုံစံ”ကို လူထုဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်သွားမည်ဟု ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။

___ ရုရှား-ယူကရိန်း နှစ်ဖက်အကြား ပထမဆုံးအကြိမ် စစ်သုံ့ပန်းလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားတပ်ဖွဲ့ဝင် ၉ ဦး လွတ်မြောက်ခဲ့ကြောင်း ရုရှားဖက်ဒရေးရှင်း လူအခွင့်အရေးကိုယ်စားလှယ် Tatiana Moskalkovaက မတ် ၂၁ ရက် တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် အတည်ပြုခဲ့သည်။ အလဲအလှယ်အနေဖြင့် ယူကရိန်း ဇာပိုရေးဇီးယား ပြည်နယ် မယ်လီတိုပိုမြို့တော်ဝန်ကို တစ်ချိန်တည်းမှာပင် လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

__ ယူကရိန်းကို နေတိုးအဖွဲ့က လက်မခံခဲ့ခြင်းကြောင့် ယူကရိန်းအနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် အခြားလုံခြုံရေးအာမခံချက်ကို ရှာဖွေရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ယူကရိန်း အခြေခံဥပေဒနှင့် တည်ဆဲဥပဒေများ၏ အပြောင်းအလဲရှိလာနိုင်ကြောင်း ဇယ်လန်းစကီးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ယင်းပြောင်းလဲမှုများက သမိုင်းဝင်ဖြစ်နိုင်ကြောင်းနှင့် လူထုဆန္ဒခံယူမှုဖြင့် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၊ ယူကရိန်းပြည်သူများ အချို့သော “စေ့စပ်လိုက်လျောမှုပုံစံ”၏သဘောထားအမြင်နှင့်ဆုံးဖြတ်မှုကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

__ ယူကရိန်း-ရုရှား စေ့စပ်ဆွေးနွေးရေးကိုယ်စားလျယ်အဖွဲ့က ပဏာမသဘောတူညီချက်ကို ရေးဆွဲကာ နှစ်နိုင်ငံ သမ္မတများ သုံးသပ်ရန်အတွက် တင်ပြသွားမည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်မည်လားဆိုသည်ကို ထပ်မံ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု စေ့စပ်ဆွေးနွေးရေး ယူကရိန်းကိုယ်စားလှယ်၊ သမ္မတရုံးအကြံပေး Mykhailo Podolyakက မတ် ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း ယူကရိန်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ Podolyakက ယူကရိန်း-ရုရှား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွးမှုက ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု၏အချက်အချာဖြစ်သော်လည်း လက်ရှိတွင် တွေ့ဆုံရေး နေ့ရက်အတိအကျ မပြောနိုင်သေးကြောင်း ဆိုသည်။

__ ပြီးခဲ့သည့်ရက်ပိုင်း တွင် အမေရိကန်သမ္မတ ဘိုင်ဒန်က ရုရှားသမ္မတပူတင်အပေါ် “လက်မခံနိုင်စရာ”ပြောဆိုချက်များကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် သံတမန်ရေးအရေးယူဆောင်ရွက်မှုအဖြစ် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Sullivan အား ဆင့်ခေါ်ပြီး သတိပေးကန့်ကွက်လွှာပေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏ မတ် ၂၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘိုင်ဒန်၏ပြောဆိုမှုသည် အမေရိကန်သမ္မတကဲ့သို့ အဆင့်မြင့်နိုင်ငံရေးပညာရှင် ပြောကြားသင့်သည့် စကားမဟုတ်ကြောင်း၊ ယင်းသို့ပြောဆိုမှုသည် ရုရှား-အမေရိကန် ဆက်ဆံရေးကို ကွဲပြဲလုနီး အခြေအနေကို ဖြစ်စေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

___ ယခုကာလများအတွင်း ဂျပန်က ရုရှားအပေါ် တစ်ဖက်သတ် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခြင်း ဖြင့် ချစ်ကြည်ရင်းနှီးမှုမရှိသည့်သဘောကို ထင်ရှားစွာပြသနေကြောင်း၊ ရုရှားဘက်က လက်ရှိတွင် ဂျပန်နှင့် ငြိမ်းချမ်းရေးစာချုပ် ဆက်လက်ဆွေးနွေးရန် မရည်ရွယ်သေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝက်ဘ်ဆိုက်က မတ် ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ရုရှားဘက်က ဂျပန်နိုင်ငံသားများ တောင်ဘက်စွန်း Kuril ကျွန်းစု(ဂျပန်အခေါ် မြောက်ဘက်ပိုင်း ကျွန်း ၄ ကျွန်း )၏ဗီဇာကင်းလွတ် သွားလာခွင့်ကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ယင်းကျွန်းစု၌ ဂျပန်နှင့်အတူ ပူးတွဲဆောင်ရွက်နေသည့် စီးပွားရေးလှုပ်ရှားဆွေးနွေးခြင်း စသည်တို့မှ နုတ်ထွက်ကြောင်း ဖော်ပြထားသည်။

__ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်များအရ ရုရှားဘက်အဆိုပြုထားသည့် မတ် ၂၁ ရက် တွင် မရီဥပိုလ်၌ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ရေးအဆိုပြုချက်ကို ယူကရိန်းဘက်က ယင်းနေ့တွင် ငြင်းပယ်လိုက်ပြီး တပ်ဖွဲ့ဝင်များလက်နက်ချမှုကို တားမြစ်လိုက်သည်ဟု ရုရှားအမျိုးသား ကာကွယ်ရေးကွပ်ကဲမှုဌာန အကြီးအကဲ Mikhail Mizantsevက မတ် ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ မတ် ၂ ရက်မှစတင်၍ ရုရှားဘက်က ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်း ၄,၁၆၅ တန်ပေးပို့ခဲ့ရာ လူသားချင်းစာနာထောက်ထားရေး လှုပ်ရှားမှု ၅၁၃ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း Mikhail Mizantsevက ဆိုသည်။

___ ယူကရိန်းစစ်တပ် နေရာချထားသည့်မြို့တော် ကိဗ် ဆင်ခြေဖုံးရှိ ပျက်စီးနေသည့် ဈေးဝယ်စင်တာတစ်ခုအတွင်း ဘဇူကာဒုံးလောင်ချာနှင့် လက်နက်ခဲယမ်း သိုလှောင်ခန်းတစ်ခုကို ရုရှားဘက်က တာဝေးပစ် ပစ်မှတ်တိကျ လက်နက်ဖြင့် ဖျက်ဆီးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

__ ကိဗ်မြို့ကို မတ် ၂၁ ရက် ၂၀ နာရီမှ မတ် ၂၃ ရက် ၇ နာရီအထိ မာရှယ်လောကျင့်သုံးမည်ဖြစ်ကြောင်း၊ မြို့နေပြည်သူများနှင့်မော်တော်ယာဉ်များ အထူးသွားလာခွင့်မရှိပါက မြို့နယ်အတွင်း သွားလာမှုကို တားမြစ်ကြောင်း ကိဗ်မြို့အစိုးရက မတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။
မတ် ၂၂ ရက် တစ်ရက်လုံး ကိဗ်ရှိ အရောင်းဆိုင်၊ စူပါမာကက်၊ ဆေးဆိုင်းနှင့် ဆီဆိုင်စသည့်လည်ပတ်မှုများကို ရပ်တန့်မည်ဖြစ်ကြောင်း ဆိုသည်။ ၎င်းမှာ ပြီးခဲ့သည့်ရက်သတ္တပတ်မှစပြီး ကိဗ်မြို့တွင် ဒုတိယအကြိမ် အချိန်ကြာမြင့်စွာ မာရှယ်လောကျင့်သုံးခြင်း ဖြစ်သည်။ (Xinhua)