တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းက အရေးပေါ်တုံ့ပြန်ရေးယန္တရား စတင်

2022-03-23 19:19:26 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင် အတွင်း လေယာဉ်ပျက်ကျသည့်အချင်းဖြစ်နေရာသို့ ကယ်ဆယ်ရေးသမားများ ထွက်ခွာသွားသည်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းက အရေးပေါ်တုံ့ပြန်ရေးယန္တရားတစ်ခုအား စတင်လိုက်ကြောင်း လေကြောင်းကုမ္ပဏီက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းက လေယာဉ်ရှင်းလင်းဖယ်ရှားခြင်း ၊ မတော်တဆမှု စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ခြင်း ၊ မိသားစုအကူအညီ ပေးခြင်း ၊ ထောက်ပံ့ပို့ဆောင်ရေး ၊ ဥပဒေရေးရာထောက်ပံ့မှု ၊ ပြည်သူ့ဆက်ဆံရေး ၊ လုံခြုံရေး ၊ ဘဏ္ဍာရေးအာမခံချက် နှင့် ကုန်ပစ္စည်းရှင်းလင်းဖယ်ရှားခြင်းတို့အတွက် အထူးအလုပ်အဖွဲ့ ၉ ခုအား ထူထောင်ထားကြောင်း သိရသည်။

အဆိုပါအလုပ်အဖွဲ့များသည် အခင်းဖြစ်နေရာသို့ သွားရောက်နေပြီး ကုမ္ပဏီက ဖြစ်စဉ်အကြောင်းရင်းအား အလုံးစုံစုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကွမ်ကျိုးမြို့သို့ ဦးတည်၍ ကူမင်းမြို့မှ ပျံသန်းလာသော ခရီးသည် ၁၃၂ ဦး လိုက်ပါလာသည့် ဘိုးရင်း ၇၃၇ လေယာဉ်တစ်စင်းသည် မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင် ဝူကျိုးမြို့ ထိန်ရှန့်ခရိုင်အတွင်းရှိ Molang ကျေးရွာအနီး တောင်ထူထပ်သောဧရိယာအတွင်းသို့ ပျက်ကျသွားခဲ့ပြီး တောင်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကွမ်ရှီးဒေသ အရေးပေါ်စီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်အရ သိရသည်။ (Xinhua)