ယူနန်‌ဈေးကွက်တွင် စွမ်းအင်သစ်မော်တော်ယာဉ်များ ရောင်းအားကောင်းမွန်

2022-03-23 19:21:02 |သတင်းအရင်းအမြစ် 云南日报

၂၀၂၁ ခုနှစ် ယူနန်ပြည်နယ် စွမ်းအင်သစ်မော်တော်ယာဉ် လက်လီရောင်းချမှုပမာဏသည် (၂၄၇.၉%) တိုးမြင့်ခဲ့သည်။ စွမ်းအင်သစ်မော်တော်ယာဉ်သည် ယူနန်စျေးကွက်တွင် ရောင်းအားအလွန်ကောင်းမွန် နေပါသည်။

“အသက်(၄၀)မှ(၅၀)အရွယ် ဝယ်ယူသူအုပ်စုထက် အသက်(၂၀)မှ(၃၀)အရွယ် ဝယ်ယူသူအုပ်စုသည် စွမ်းအင်သစ်မော်တော်ယာဉ်၏ သွင်ပြင်သဏ္ဍာန်နှင့် စွမ်းဆောင်ချက်အသစ်အပေါ် ပိုမိုပြီးပြည့်စုံအောင် တောင်းဆိုလေ့ရှိသည်” ဟု ကူမင်း GAC Toyota ကျုံးစိန်းတမ်ချီဆိုင် အရောင်းမန်နေဂျာ ဝမ်ကျွင့်က ပြောကြားပါသည်။ အသက်အရွယ်ကြီးသည့် ဝယ်ယူသူများသည် စွမ်းအင်သစ်မော်တော်ယာဉ်ကို ဓာတ်ဆီမော်တော်ယာဉ် အစားထိုးရန်နှင့် ဖြည့်စွက်အသုံးပြုရန်အတွက် ဝယ်ယူလေ့ရှိသည်။ သို့သော် လူငယ်များသည် စိတ်ကြိုက် လိုအပ်ချက်များအပေါ် တောင်းဆိုမှုများလာသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ ကူမင်းမြို့၏ စွမ်းအင်သစ်မော်တော်ယာဉ် အသစ်ပမာဏသည် (၂၈၉၂၇)စီးရှိပြီး အားသွင်းစခန်း(၃၁၄)ခု၊ အားသွင်းတိုင်(၂၃၉၈၆)ခု၊ လျှပ်စစ်လဲလှယ်ရေးစခန်း (၁၁)ခု ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သက်ဆိုင်ရာကိန်းဂဏန်းများအရ သိရှိရပါသည်။ ၂၀၁၃ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ စွမ်းအင်သစ်မော်တော်ယာဉ်သည် စီးရေ(၂)‌သောင်းပင် မရှိခဲ့ပါ။ သို့သော် ၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်ရောင်းချမှုပမာဏသည် စီးရေ(၃၅)သိန်းကျော် ရောက်ရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ စွမ်းအင်သစ် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချမှုပမာဏသည် (၇)နှစ်ဆက်တိုက် တစ်ကမ္ဘာလုံးတွင် ပထမ နေရာတွင် ရှိပါသည်။
အရင်းအမြစ်၊ ယူနန်နေ့စဉ်သတင်း၊ ဘာသာပြန်၊ Yunnan gateway