တယ်ဟုန်တွင် ကျက်စားနေထိုင်သော leopard cat တစ်ကောင်သည် ကျန်းမာရေး ကောင်းမွန်ပြီး တောထဲသို့ ပြန်ရောက်

2022-03-24 20:15:46 |သတင်းအရင်းအမြစ် 芒市融媒体中心

ယခုရက်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးနှင့်ကာကွယ်ရေး စင်တာသည် leopard cat တစ်ကောင်အား ဒေသတွင်းရှိ အစိုးရပိုင်သစ်တောသို့ လွှတ်ပေးရန်အတွက် ပို့ဆောင်ခဲ့သည်။

ရွှေလီမြို့ သစ်တောနှင့် မြက်ခင်းညွှန်ကြားရေးဌာနသည် အဆိုပါ leopard cat အား တောထဲမှ ကယ်ဆယ်ပြီး တယ်ဟုန်ပြည်နယ်ခွဲ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးနှင့်ကာကွယ်ရေး စင်တာအား လွှဲပြောင်းပေးခဲ့ပါသည်။ အချိန်အတော်ကြာ ဂရုတစိုက် ပြုစုစောင့်ရှောက်ပြီးနောက် ဤ leopard cat ၏ ကျန်းမာရေးသည် တစ်ဖြည်းဖြည်း ပြန်လည်သက်သာကောင်းမွန်လာပြီ ဖြစ်သည်။ ၎င်း၏ကိုယ်အလေးချိန် မြင့်တက်လာကာ ဆံပင်အရောင်နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ သိသိသာသာ တိုးတက်ခဲ့ပါသည်။ နည်းပညာဆိုင်ရာဝန်ထမ်းများသည် ယင်း leopard cat အား စစ်ဆေးပြီးနောက် ၎င်းအား တောထဲသို့ ပြန်လွှတ်ရန် သင့်တော်သည်ဟု သုံးသပ်ခဲ့ပါသည်။

Leopard cat သည် တရုတ်နိုင်ငံ၏ နိုင်ငံတော်ဒုတိယအဆင့် ကာကွယ်ရေးတိရစ္ဆာန် ဖြစ်ကြောင်း သိရပါသည်။


( အရင်းအမြစ်၊ မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန်၊ Yunnan gateway)