“မီးလောင်ချိန်တွင် အသက်စွန့်ပြီး ဇနီးကိုကယ်တင်သည့်” ခင်ပွန်း ကွယ်လွန်ခဲ့

2022-03-24 21:04:08 |သတင်းအရင်းအမြစ် 人民网

မတ်လ(၂၁)ရက်နေ့ “မီးလောင်နေသည့်ကြားမှ ဝရံတာ၌ မိမိအသက်စွန့်ပြီး ဇနီးကိုကယ်တင်သည့်” မစ္စတာချိန်သည် ပြင်းထန်သော မီးလောင်ဒဏ်ရာများကြောင့် ကွယ်လွန်ခဲ့ပါသည်။

မတ်လ(၁၃)ရက်‌နေ့ နံနက်ပိုင်းက ကျန်းစူးပြည်နယ် နန်ကျင်းမြို့ ယွဟွာထိုင်ရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါအိမ်တွင်နေထိုင်သည့် လင်မယားနှစ်ယောက်မှာ ဒဏ်ရာများဖြင့် ဝရံတာတွင် ပိတ်မိနေခဲ့သည်။ ထိုစဉ် ခင်ပွန်းဖြစ်သူသည် ဇနီးအား ဝရံတာအပြင်ဘက်ခြမ်းတွင် တွယ်ထားခိုင်းပြီး ပြုတ်မကျစေရန် သူမ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။ သို့သော် သူကိုယ်တိုင်မှာ ထူထပ်သောမီးခိုးငွေ့နှင့် ပြင်းပြသောပူလောင်မှုကို ခံစားခဲ့ရသည်။ မီးသတ်တပ်ဖွဲ့ရောက်လာချိန်တွင် အမျိုးသားမှာ သူမ၏လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ထို့နောက် မီးသတ်သမားများနှင့်အတူ ဇနီးကို ဝရံတာအပြင်ဘက်ခြမ်းမှ အတွင်းသို့ ပြန်လည်ဆွဲတင်ခဲ့ကြသည်။ ဇနီးဖြစ်သူကလည်း “ကျွန်မခင်ပွန်းကို အရင် ကယ်ပါ” ဟု အော်ပြောလျက်ရှိသည်။

လင်မယားနှစ်ယောက်လုံးသည် အမ်းဟွေးပြည်နယ် ကော်ရန်ခရိုင် တမ်းချိန်မြို့နယ်ချိန် လောင်ကျားရွာမှ ရောက်ရှိလာသူများဖြစ်ပြီး ကလေးသုံးယောက်ရှိကြောင်း သိရှိရပါသည်။ လွန်ခဲ့သော (၃-၄)နှစ်က နန်ကျင်းသို့ လာရောက်အလုပ်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ပါသည်။ မတ်လ(၁၃)ရက်နေ့က ချိန်လောင်ကျားရွာမှ ရွာသူရွာသားများသည် သူတို့အတွက် အလှူငွေ ကောက်ခံခဲ့ရာ ယွမ်ငွေတစ်သိန်းခန့် အလှူခံရရှိပြီးဖြစ်ကြောင်း သိရပါသည်။
(အရင်းအမြစ်၊ people.cn ၊ ဘာသာပြန်၊ Yunnan gateway)